အပိုင်း ၇၆ : ပဉ္စမမြောက်ဇာတ်ကွက် (၁)

161 30 3
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ဆုန်းမင်ဝူးရဲ့သွေးများတစက်စက်ဖြင့်မြေပြင်သို့ကျနေသည်။

သွေးစွန်းနေတဲ့သူ့လက်သီးဆုပ်ရဲ့အာရုံခံမှုမှာထုံကျင်လို့တောင်နေ၏။ဆုန်းမင်းဝူးမှာသွေးထွက်နေသော်လည်း မျက်လုံးတို့ဖွင့်မလာသလိုစကားလည်းပြောမလာခဲ့။ထိုလူ၏တစ်စစီစုတ်ပြဲနေတဲ့အသားလွှာတို့မှာ ပြန်လည်ဖန်တီးမှုကိုအရှုံးပေးလိုက်ပုံရလေသည်။

ဟန်ဆူယုန်းကခပ်ဟဟရေရွတ်၏“ကြောက်ဖို့ကောင်းလိုက်တဲ့ကောင်...နင် လက်ဗလာနဲ့တင်ဝံပုလွေတစ်ကောင်‌ကိုသတ်လိုက်တယ်လား?”

ကျန်ဝံပုလွေများနှင့်တခြားဝံပုလွေများမှာ ထွက်ပြေးသူကပြေး ဟန်ဆူယုန်းလက်ထဲသေသူကသေဖြစ်ကုန်ကြ၏။သူဆုန်းမင်ဝူးအားငုံ့ကြည့်ကာပြောသည်။

“သူခုထိမသေသေးဘူး”

အခုသူ ဆုန်းမင်ဝူးကိုကြည့်လိုက်တော့ စတုတ္ထနံရံမှာတုန်လှုပ်မလာတော့ချေ။သူ့စိတ်ဒဏ်ရာတွေပျောက်သွားလားဘာလားမသိသော်လည်း အတိတ်ကထက်စာရင်တော့ပိုခံနိုင်ရည်ရှိလာပြီဖြစ်၏။

[ကြယ်တာရာ‘နှောင်းပိုင်းမှဒုက္ခသုက္ခများကိုကျော်လွှားနိုင်သူ’သည် သင့်အားအားပေးနေသည်။]

[ကြယ်တာရာ‘နှောင်းပိုင်းမှဒုက္ခသုက္ခများကိုကျော်လွှားနိုင်သူ’သည် သင့်အားသူ့ကိုယ်ပိုင်စတခ်ျမာကိုပေးချင်နေသည်။]

ငါ့ကိုစတခ်ျမာပေးမယ်?တကယ်ကြီးလား?

ဆုကြေးဇာတ်ကွက်သည် ကြယ်တာရာတစ်ပါးထဲ  တောင်းဆိုခဲ့တာမဟုတ်သည့်အတွက် စတခ်ျမာတစ်ခုအားဆုအဖြစ်ပေးလာသည်မှာအံ့ဩစရာပင်။

ဒါ‌ပေါ့။ပေးလာတော့လည်းအသိအမှတ်ပြုပေးရမှာပေါ့။

[စတခ်ျမာကိုယ့်ကိုယ်ကိုခွင့်လွှတ်ခြင်းကိုရရှိခဲ့သည်။]

[ကြယ်တာရာ‘နှောင်းပိုင်းမှဒုက္ခသုက္ခများကိုကျော်လွှားနိုင်သူ’သည် သူ့စတခ်ျမာအားဆက်ခံခဲ့သည့်သင့်အား နှစ်ထောင်းအားရဖြင့်ပြုံးပြနေသည်။]

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now