အပိုင်း ၁၂ : စာချုပ် (၂)

266 58 2
                                    

စတားစထရင်း စနစ်

စတားစထရင်းထုတ်လွှင့်ရေးအစီအစဉ်ဟူသည်ကား လက်ရှိဖြစ်ပျက်နေသည့် အကြောင်းအရာများအား စကြာ၀ဠာတစ်ခုလုံးဆီထုတ်လွှင့်ပြသရန်ပုံစံရေးဆွဲထားသည့် စနစ်မျိုးပင်။

ကြည့်ရှုသူများဟာ ဝေးလံခေါင်ဖျားသောစကြာ၀ဠာအနှံ့အပြားရှိ ကြယ်တာရာများဖြစ်ကြပြီး ဖျော်ဖြေသူများမှာ သူကဲ့သို့ လူသားများပင်ဖြစ်သည်။

အဆိုပါနှစ်ဖက်အား ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ကာ ထုတ်လွှင့်ပြသပေးမည့် သူများမှာ သူ့အရှေ့တွင်ရှိနေသော တင်ဆက်သူများဟုခေါ်သည့်ဒိုကဲဘီများပင်ဖြစ်ကြသည်။

[ဟ ဟားဟားးးးဟက်! မင်းစိတ်လွှတ်နေတာဖြစ်မယ်။ဘယ်လိုတောင်ရူးလိုက်တဲ့လူသားလဲ။ဟုတ်တာပေါ့ ကြယ်တာရာတွေရဲ့စပွန်ဆာကိုငြင်းလွှတ်လိုက်ထဲကသိသင့်တာ]

ဘီဟွန်းမှာ အချိန်အကြာကြီးရီမောနေပြီးနောက် စကားထပ်ပြောလာသည်။

[မင်း စတားစထရင်း  ထုတ်လွှင့်ရေးအကြောင်းဘယ်လိုသိလာလဲတော့မသိဘူး သေချာတာတော့ မင်းပြောတာကိုလက်မခံနိုင်ဘူး။ငါကကြယ်တာရာမဟုတ်တဲ့အတွက် မင်းရဲ့စပွန်ဆာဖြစ်ပေးလို့မရဘူး]

"မင်းကြည့်ရတာ အထင်လွဲနေပုံပဲ။မင်းကိုလည်း ငါ့စပွန်ဆာဖြစ်ပါလို့မပြောခဲ့ဘူး"

[ဟမ်]

"မင်းကအင်အားနည်းတဲ့ဒိုကဲဘီတစ်ကောင်ဆိုတာသိထားပြီးသား။ငါလိုချင်တာမင်းစွမ်းအားမဟုတ်ဘူး မင်းချန်နယ်ပဲ"

"ငါ့ ချန်နယ်?"

"မင်းကြည့်ရတာနားမလည်တဲ့ပုံပဲ။ဘာလဲ မင်းကိုရီးယားစကားပြောစက်က ပြဿနာတတ်နေလို့လား?"

[မဟုတ်ဘူး။မင်းပြောတာက?]

"အလွယ်ရှင်းပြမယ်။ငါကမင်းချန်နယ်နဲ့ အထူးစာချုပ်တစ်ခုချုပ်ချင်တာ"

ဘီဟွန်းမှာသတိပြန်မကပ်ခင်အချိန်ထိ အမူအရာမပြဘဲတောင့်တောင့်ကြီးဖြစ်နေ၏။

[နေပါဦး မင်းကအခု ငါနဲ့ ' စထရင်းစာချုပ်' ချုပ်ချင်တယ်လို့ပြောလိုက်တာလား?]

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now