အပိုင်း ၅၂ : ရှေ့ဖြစ်ဟောတို့ရဲ့ည (၄)

154 37 3
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ဥက္ကာခဲပတ်ပတ်လည်၌အနီရောင်အော်ရာများထွက်ပေါ်လာပြီး တောက်ပလှသောအလင်းတန်းများ‌ပလက်ဖောင်းအနှံ့ဖုံးလွှမ်းသွား၏။

"အိုး နောက်ဆုံးတော!"

ရှေ့ဖြစ်ဟောတစ်ယောက်ကအော်လိုက်သည်။

ဂျောင်ဟီးဝန်နှင့်အီဟွန်းဆန်းမှာသူ့အနားသို့ကပ်လာကြသည်။

"ထွက်ပြေးရမယ်?ဘာ..."

အခုအရမ်းနောက်ကျသွားချေပြီ‌။အနီရောင်အော်ရာသည်ပလက်ဖောင်းတစ်လျှောက်ပြန့်နှံ့သွားပြီး ဖျော့တော့သောအကာအရံတစ်ခု ဘူတာရုံအားဝန်းရံလိုက်သည်။အခုဆိုဘယ်ရှေ့ဖြစ်ဟောမှအန်းဂု့ဘူတာရုံဘူတာကနေထွက်ခွာ၍မရတော့။

[ကြယ်တာရာများသည်လွန်ကဲလာသောFilterခံခြင်းများအပေါ် ကန့်ကွက်နေကြသည်။]

[များစွာသောကြယ်တာရာများ၏မျက်လုံးများသည် 'နိမိတ်'ကြောင့်တောက်ပလာကြသည်။]

[ကြယ်တာရာ'ရွှေခေါင်းဆောင်း၏အကျဉ်းသား'သည်အခြေအနေအား စပ်စပ်စုစုနိုင်လှသောမျက်လုံးများဖြင့်ကြည့်နေသည်။]

[ကြယ်တာရာ'ပဟေဠိအကြံရှင်'သည် သင်၏ပြောင်မြောက်ထူးချွန်လှသောနည်းဗျူဟာကိုမျှော်လင့်နေသည်။]

ကြယ်တာများမှာအလွန်စိတ်လှုပ်ရှားနေကြကာ သူ့ထံသို့တိုက်ရိုက်မက်ဆေ့ခ်ျများပေးပို့လာကြ၏။

ရှင်သန်ရာနည်းလမ်းများကမ္ဘာ၏အန္တရာယ်အကြီးဆုံးသောအခြေအနေမှာ ကြယ်တာရာများစုရုံးနေကြခြင်းဖြစ်သည်။

စိတ်လှုပ်ရှားနေသောဂျောင်မင်ဆွတ်အားမေးလိုက်သည်။"ဒီနေရာမှာလာစုဖို့အကြံပေးတဲ့သူကနံပါတ်၁၁၂၄ကလား"

"ဟမ်?ကျွန်တော်မသိဘူး။ကျွန်တော်တို့အားလုံးအတူတူသဘောတူထားတာ..."

သူ့အားကန်စွန်းဥပြုတ်ဆယ်လုံးလောက်ထိုးသိပ်ကျွေးလိုက်သကဲ့သို့ဆို့နင့်သွားရကာ ကိစ္စတွေဒီအခြေအနေထိရောက်လာပြီဆိုတာကိုမယုံနိုင်သေး။

-အားလုံးငါ့အနောက်မှာနေကြ။

သူထိုလူများကိုကာကွယ်ရင်း ဥက္ကာခဲအားအာရုံစိုက်ထားသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Kde žijí příběhy. Začni objevovat