အပိုင်း ၁၉ : အရိပ်စောင့်(၁)

276 55 5
                                    

Unicode
Scroll down for Zawgyi

[ဒါ-ဒါဆို အားလုံးပဲဂရုစိုက်လိုက်ကြပါဦး! ရီးဟီးဟီးဟစ်!]

ဒိုကဲဘီဟာ ထိုစကားများပြောပြီးသည်နှင့်ပျောက်ကွယ်သွားတော့၏။

စားနပ်ရိက္ခာပြစ်ဒဏ်နှင့် ရှင်သန်ရေးပြစ်ဒဏ်။စားနပ်ရိက္ခာပြစ်ဒဏ်ကိုတော့ သူသိပြီးသားဖြစ်ပေမဲ့ ရှင်သန်ရေးပြစ်ဒဏ်မှာမူရင်း၀တ္ထုတွင်မပါရှိပေ။ကြည့်ရတာ ဘီဟွန်းနှင့်သူတို့နှစ်ဦး၏စာချုပ်ကြောင့် ဒီအ‌ခြေအနေသို့တိုးတတ်လာခြင်းဖြစ်နိုင်သည်။

ဂျောင်ဟီးဝန်က သူမအိပ်ကပ်ထဲမှဘီစကွတ်ပျောက်ကွယ်သွားသည်ကို အတည်ပြုပြီးသည်နှင့် လေသံပျော့ပျော့လေးဖြင့်မေးလာလေသည်။

“ဒို့ဂျာရှီ ခင်ဗျားမဟုတ်မှ ဒီလိုဖြစ်လာမယ်ဆိုတာကြိုသိ—”

“အင်းငါကြိုတွေးမိပြီးသား။ဒိုကဲဘီတွေကလူသားတွေကိုအရင်ဆုံးနှောက်ယှက်လိမ့်မယ်ဆိုတာမျိုးတွေးမိတယ်။”

“......ခင်ဗျားကခန့်မှန်းတဲ့နေရာမှာတကယ်တော်တာပဲ မဟုတ်ဘူးလား?”

သူအီဟွန်းဆုန်းနှင့် တခြားသူများအားခေါ်လိုက်သည်။ဒီအခြေအနေတွေဖြစ်လာပြီဆိုတော့ အခုလှုပ်ရှားဖို့အချိန်ရောက်ပြီ။

“ငါတို့အစားအစာတွေပြန်ပေး!”

“ဘာလို့ ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ?”

အပယ်ခံအဖွဲ့မှလူများမှာငိုကြွေးနေကြသည်။ထို့အတူပင် အဓိကအဖွဲ့မှ လူများသည်လည်း အစားအစာများရုတ်ချည်းပျောက်ကွယ်သွားမှုအပေါ် ပူဆွေးနေသည်။

သူ့မျက်လုံးတွေဟာ နှုတ်ခမ်းကိုက်နေသည့် ချွန်းအင်ဟို နှင့်သွားဆုံသည်။

[မဟုတ်မှ မင်းသတိထားမိနေတာများလား?မဟုတ်တာ မဖြစ်နိုင်ဘူး။]

အကယ်၍ ထိုလူ့အတွေးအားဖတ်ရှုလို့ရခဲ့မည်ဆို ၎င်းမှာထိုလူတွေးနေမည့်အတွေးများပင်။

[သင်သည်ဇာတ်ကောင်' ချွန်းအင်ဟို'၏အတွေးများအားတိကျမှန်ကန်စွာဖတ်ရှုနိုင်ခဲ့သည်။]

[ဇာတ်ကောင်' ချွန်းအင်ဟို' အပေါ်သင့်၏နားလည်မှုမြင့်တတ်သွားသည်။]

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now