အပိုင်း ၁၁၃ : ကတိသုံးခု (၅)

130 28 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူပတ်ပတ်လည်အားကြည့်လိုက်ပြီးနောက် သူ့ရောက်နေသည့်နေရာဟာ မည်သည့်နေရာဖြစ်မှန်းသိလိုက်ရသည်။ထို့နောက်တွင် သူစိတ်ပျက်သွားတော့၏။

သောက်ကျိုးနည်း။မှားစရာကိုမရှိအောင်ကို ဒီ‌နေရာက...

"ခင်ဗျားလန့်နေစရာမလိုပါဘူး။ခင်ဗျားအနားကပ်လာရင်တောင် ကျွန်တော်ကိုက်မစားပါဘူးဗျာ"ဂင်မ်နမ်ဝူးသူ့အားပြောလာသည်နှင့်အတူ သူသက်ပြင်းချလိုက်မိ၏။

သူသေချာသည် ဒီ‌နေရာက မရဏကမ္ဘာရဲ့နာမည်ကြီးအကျဉ်းထောင်၊ထားထရပ်စ်(Tartarus)ပင်။ထောင်အဝင်ဝတွင် စောင့်ကြပ်နေသောခေါင်းသုံးလုံးနှင့်သားရဲကောင်အား သူစောင်းငဲ့ကြည့်လိုက်သည်။၎င်းသည် ဒဏ္ဍာရီလာငရဲခွေး တဖြစ်လဲ ကယ်ဘရပ်စ့်(Cerberus/ဆားဘရပ်စ့်)ပင်ဖြစ်၏။ခေါင်းနှစ်လုံးမှာ ငိုက်မြည်းနေစဉ်ကျန်တစ်ခေါင်းကမူ စောင့်ကြပ်နေလေသည်။

"အဲ့ခွေးမသား။အဲ့ကောင်က အဆင့်၄သားရဲဖြစ်လောက်တယ်။အောက်ထက်ကကောင်ကသူ့ထက်ပိုကြမ်းတယ်။"ဟုဆိုကာ ဂင်မ်နမ်ဝူးတစ်ယောက်ငရဲလမ်းပြတစ်ယောက်ကဲ့သို့ပြောဆိုနေ၏။

ဂင်မ်နမ်ဝူးပြောတာအမှန်ပင်။ရှင်သန်ရာနည်းလမ်းများတွင်လည်း၎င်းအားထိုနည်းအတိုင်းဖော်ပြထားခြင်းဖြစ်သည်။အသန်မာဆုံးသော အကျဉ်းသားများသည် ထားထရပ်စ်ရဲ့အောက်ဆုံးအထပ်၌ပိတ်မိနေကြသည်။ဆိုလိုသည်မှာ သင်အောက်ထပ်သို့ရောက်လေလေ ကယ်ဘရပ်စ့်၏အရွယ်အစားမှာလည်းကြီးလာလေလေဖြစ်သည်။

ဂင်မ်နမ်ဝူးက သဘာတကျရယ်ပြီးနောက်မေး၏။"ငရဲကိုဘယ်လိုထင်လဲ?"

သူ ထိုကောင်လေး၏အ‌ပြောအဆိုအားစောင့်ကြည့်ပြီးနောက် သူပြော၏။ထိုစိတ္တဇကောင်ပြောင်းလဲသွားသည့်အတွက် သူ့အ‌နေနှင့်စိတ်လှုပ်ရှားနေသည်မှာသာမန်ပင်။

"ငါမေးစရာရှိတယ်"

"ဘာများလဲ?"

"ဒီနေရာမှာမင်းအပြင် တခြားတစ်ယောက်ယောက်များရှိလား?"

"ဦး‌လေးကြီးရှိတယ်လေ""

"ငါ့ကိုမပြောဘူး"

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now