အပိုင်း ၄၉ : ရှေ့ဖြစ်ဟောတို့ရဲ့ည (၁)

160 36 2
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

“၉ယောက်မြောက်ထွက်ခွာသူလား။ဒီလိုအရည်အချင်းမျိုးကိုငါပထမဆုံးကြားဖူးတာပဲ”

“အို ယူဂျွန်ဟော့နင်မ်မကြားဖူးလောက်ဘူး။ဘာလို့ဆို ကျွန်တော်တို့ရှေဖြစ်ဟောတွေကို ခင်ဗျားခုမှစတွေ့ဖူးတာလေ။”

ဒီကောင်က‌ဆင်ခြေဆင်လက်တွေပေးနေတော့တာပဲ။ဒါဖြင့်ငါလည်းသူ့ကိုနည်းနည်းလောက်ထပ်စချင်သေး။

“ဒါပေမဲ့ ထူးဆန်းနေတယ်။အကယ်၍မင်းသာ ဗျာဒိတ်တော်ကိုတကယ်လက်ခံရ‌တယ်ဆိုရင် ဘာလို့‘ဗျာဒိတ်ပေးသူ’ဖြစ်လာရမဲ့အစား ‘ထွက်ခွာသူ’ဖြစ်နေရတာလဲ။အဲ့နာမည်ကဘာကြီးလဲ?”

“အ-အဲ့...ဗျာဒိတ်တော်...မဟုတ်၊ဗျာဒိတ်ကျမ်း...”

အီဆန်းကွတ်မှာထစ်ထစ်ငေါ့ငေါ့ဖြင့် မုသားဖော်ထုတ်ခြင်းစကေးလ်အားကွေကွင်းရန်ကြိုးပမ်းနေပုံကိုကြည့်နေရသည်မှာ စိတ်ကျေနပ်ဖွယ်ကောင်း၏။ထိုလူဘယ်လောက်ထိများရိုးသားနိုင်မလဲဆိုတာတွေးနေမိသည်။နောက်ဆုံးတော့အီဆန်းကွတ်တစ်ယောက်မျက်လုံးတို့အားမှိတ်ချလိုက်သည်။

“ကျွန်တော် ဗျာဒိတ်ကျမ်းဖတ်တုန်းက...ရပ်ခဲ့တာ!”

“မင်းဖတ်တာကိုရပ်လိုက်တယ်?ဘာလို့မဖတ်တော့တာလဲ?”

“ဗျာဒိတ်ကျမ်းမှာပါတဲ့အကြောင်းအရာတွေကအရမ်းခက်ခဲနက်နဲပြီးကျယ်ပြန့်လွန်းလို့...”

“အဲ့တော့မင်းက၉ယောက်မြောက်ထွက်ခွာသူဖြစ်လာတယ်ပေါ့?”

“ဟုတ်ကဲ့...”

“ဒါဖြင့်မင်းငါ့ကိုသိပ်အကူအညီပေးနိုင်မယ်မထင်ဘူး”

“မ-မဟုတ်ဘူး၊ကျွန်တော်လုံးဝကူညီနိုင်တယ်!”

ကြောင်အမ်းနေသည့်အီဆန်းကွတ်မှာ သူ့စမတ်ဖုန်းအားစိတ်တထင့်ထင့်ဖြင့်ပိတ်လိုက်ဖွင့်လိုက်လုပ်နေရင်း ဗလုံးဗထွေးဖြင့်ဆက်ပြောလေသည်။

“ဘာလို့အဲ့ဖုန်းပဲတချိန်လုံးကိုင်နေတာလဲ?”

“တေ-တောင်းပန်ပါတယ်။ကျွန်တော်ကဖုန်းစွဲနေ...”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now