အပိုင်း ၁၁၈ : စွန့်ပစ်ကမ္ဘာငယ် (၄)

123 28 9
                                    

Unicode

Scroll down for Zawgyi

သဘောမတူလို့ကိုမရ။သူ့အတွက် ကိုယ်စားပြုရွေးချယ်ခြင်းဟာ ဆွေးနွေးရမည့်အရာမျိုးမဟုတ်ဘဲ အသိပေးခြင်းသားဖြစ်သည်။

“‌ပြောစရာရှိရင် တစ်ခါတည်းပြော”

ထိုသို့ ကြောက်မက်ဖွယ်လူသတ်ရိပ်များဖုံးလွှမ်းနေသည့်အတွက် သဘောမတူသည့်အမူအရာများထုတ်ဖော်လာဖို့ရာ မည်သို့မဖြစ်နိုင်။ဘုရင်တွေဟာ ယူဂျွန်ဟော့၏ခွန်အားကို သိရှိထားသည့်အတွက် ငြင်းဆန်ဖို့တောင်မတွေးဝံ့ဘဲ တုန်ယင်နေကြလေသည်။အာ လူတစ်ယောက်ကလွဲလို့ပေါ့။

“ထွက်-ထွက်သွားစမ်း!မင်းခြေထောက်ကိုဖယ်!”

ကံဆိုးချင်တော့ ကိုယ့်ကိုယ်ကိုယ် ယောန်းဒို၏ဥက္ကဌဟုခေါ်သောသူဟာ စူပရင်းဘုရင်အား တစ်ခါမျှမကြားခဲ့ဖူးချေ။နိုင်ငံရေးသမားတစ်ယောက်ဟာ ကောလဟာလတွေကိုအယုံအကြည်မရှိ။“မင်းဘာလို့ ရုတ်တရက်ပေါ်လာ...?”

ဂျွပ်!

“အားးး...”ယူဟွန်းဟို တစ်ယောက် လက်ကျိုးသွားသည်နှင့် ငယ်သံပါအောင်အော်လာတော့၏။“ငါ့လက်!ငါ့လက်!”

ဂျွတ်ဂျွတ်!

“အားးး!ဘောဒီဂတ်တွေ!ငါ့ဘော်ဒီဂတ်တွေကဘယ်မှာလဲ?”

ယူဟွန်းဟို အော်ဟစ်ရုန်းကန်ပြီးအကူအညီတောင်းနေသော်ငြား သူ့အားကူကယ်နိုင်မည့်သူဟူ၍မရှိ။ယူဂျွန်ဟော့ခြေထောက်ဟာ ထိုလူ့နောက်ကျောအား ဖိခြေနင်းထားပြီးနောက်မှာတော့ ယူဟွန်းဟို အသက်ရှူရခက်ကာ မေ့သွားတော့သည်။

အရာအားလုံးပြန်လည်တည်ငြိမ်သွားသည်နှင့် ယူဂျွန်ဟော့ ကထပ်ပြောလာသည်။“ငါတော့မထင်ဘူး။ဒါဆို တာဝန်ကျလူစာရင်းကိုကြေညာတော့မယ်။”

ဘုရင်အားလုံး၏မျက်နှာအမူအရာတွေဟာ တောင့်တင်းကုန်သည်။ယူဂျွန်ဟော့သည်စစ်စစ်ကို တော်လွန်း၏။သူဟာ ထိုသို့အခွင့်အာဏာကို ခပ်လွယ်လွယ်ထိန်းနိုင်သူပင်...

သူ့နံဘေးရှိမင်ဂျီဝူးက သူ့အား ကြောင်ကြည့်နေ၏။

⌈ ရှင်ဘယ်လိုလုပ်များတည်ငြိမ်နေတာလဲ ⌋

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now