အပိုင်း ၁၁၅ : ကတိသုံးခု (၇)

154 32 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ကြယ်တာရာတစ်ပါး၏ပါးစပ်ဖျားမှထိုစကားအားကြားလိုက်ရချိန်မှာတော့ သူ့တစ်ကိုယ်လုံးကြက်သီးများထလာရသည်။ဇာတ်လမ်းများအပေါ်ရူးသွပ်နေကြ‌သောထိုကြယ်တာရာများကပင် ဇာတ်လမ်းများအားစားသုံးနေကြ၏။၎င်းသည်ကြယ်တာရာများ၏သဘောသဘာဝဖြစ်‌လေသည်။

[သေခြင်းတရားဆိုတာက ဇာတ်လမ်းရဲ့အဆုံးသတ်။steakဖြစ်လာတဲ့နွားတစ်ကောင်က အသက်ပြန်ရှင်မလာနိုင်တော့သလိုပဲ သေသွားသူတွေကလည်းပြန်မရှင်နိုင်ဘူး။သူတို့ရဲ့ဇာတ်လမ်းကနိဂုံးချုပ်သွားပြီ]

“ခြွင်းချက်တွေရှိတာကျွန်တော်သိတယ်”

[အဲ့တာတွေအားလုံးက ရိုးရာပုံပြင်အမှားတွေ။ခြွင်းချက်ဆိုတာမရှိဘူး]

မုသားစကားများသာ။ဂရိဒဏ္ဍာရီတွင် ၎င်းနှင့်ပတ်သက်သောဆိုရိုးတစ်ခုရှိ၏။“ခင်ဗျား စတခ်စ်(styx)မြစ်အပေါ်တိုင်တည်ပြီးကျိန်ဆိုနိုင်လား?”

ဒါပေါ့သူမဘယ်ကျိန်ဆိုနိုင်ပါမလဲ။ပထမဆုံးအကြိမ်အဖြစ် ပါစေ့ဖစ်နီ၏မျက်နှာထက်‌ဒေါသတို့ပြည့်နှက်လာသည်။

[...မင်းယုံကြည်ထားတဲ့ဝိညာဉ်ဆိုတာ ဇာတ်လမ်းတစ်ပုဒ်ရဲ့ကုန်ကြမ်းသာသာပဲ]

“ကျွန်တော်အဲ့ဇာတ်လမ်းရဲ့ကုန်ကြမ်းကိုလိုချင်တယ်”

[မရဏကမ္ဘာမှာ နောက်ပြန်လှည့်ကြည့်တဲ့လူတစ်ယောက်က နောင်တတရားကိုစံစားရလိမ့်မယ်။မင်းအနေနဲ့ အချိန်တွေကုန်ဆုံးသွားပြီဆိုတာကို နားလည်ဖို့လိုတယ်]

သူမဒီ‌လိုလက်ပေါက်ကပ်တဲ့စကားမျိုးပြောလာမှတော့ သူသည်လည်းသူ့မှာရှိသည့်ဝှက်ဖဲကိုထုတ်လာရတော့ပေမည်။

“ဘုရင်မ-နင်မ်။အချိန်ဆိုတာ‘အရှေ့ချည်းပဲစီးဆင်း’ဖို့မလိုအပ်ပါဘူး။ဒါကိုခင်ဗျားလည်းသိမယ်လို့ထင်ပါတယ်”

ထိုအချိန်မှာပင် ကမ္ဘာကြီးတစ်ခုလုံးမီးခိုးရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ကျယ်ပြောလှသောလူသတ်ရိပ်ဟာ ဟောခန်းမတစ်ခုလုံးပြန့်နှံ့သွား၏။ထိုခဏမှာပင် ပါစေ့ဖစ်နီ၏ဝိညာဥ်အစစ်အားမြင်လိုက်ရသလို ခံစားလိုက်ရ၏။သူ့ပါးစပ်မှပွင့်ဟမလာသော်လည်း သူအော်ဟစ်ချင်မိနေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now