အပိုင်း ၅၅ : ဇာတ်လိုက်ရဲ့ပထမလူရှုထောင့် (၂)

162 39 4
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

[သင့်အသားလွှာများ ပြန်လည်ဖန်တီးမှုစတင်နေပါပြီ]

ပန်းချီဆေးရေးများပြန့်ကြဲသွားသကဲ့သို့ သူ့မြင်ကွင်းမှာလည်းဖြည်းဖြည်းခြင်းဖြင့်ရှင်းလင်းလာသည်။ပတ်ဝန်းကျင်၏ပုံပန်းသဏ္ဍာန်အလင်းအထင်းစသည်တို့မှာသိပ်မပြတ်သားသေးပေ။အရိုးမှစ၊ဆံချည်မျှင်သွေးကြောများ၊အစာခြေအင်္ဂါစုနှင့် အသက်ရှူလမ်းကြောင်းအပါ သူ့မျက်လုံးတစ်စုံလုံးပါ အသစ်ပြန်လည်ဖြစ်ပွားလာခဲ့သည်။သူ့ခံစားမှုအာရုံတွေမှာသူတို့၏ပုံမှန်နေရာပြန်ရှာမတွေ့သေးသကဲ့သို့ဝေဝေဝါးဝါးဖြစ်နေလေသည်။

ဘာပဲဖြစ်ဖြစ် သူချွန်းမူရိုကိုစိတ်ချလက်ချထားနိုင်ပြီဖြစ်၏။

နောက်လိုက်များမည်သို့ပင်သန်မာနေပါစေ ထိုသူတို့သည် မူရင်းထက်ပင်ပိုသန်မာသောယူဂျွန်ဟော့ကိုနှိမ်နင်းနိုင်ကြမည်မဟုတ်။

စကားမစပ်...ထိုအရာကတကယ်ကြီးကိုတစ်မူထူးတဲ့အတွေ့အကြုံပဲ။သူပထမလူရှုထောင့်ကိုယူဂျွန်ဟော့နှင့်မျှဝေခဲ့ရသည်။ဖြစ်နိုင်မယ်ဆိုသူ ထိုအရာအားထပ်မလုပ်ချင်တော့။

[မူပိုင်စကေလ်း‘စတုတ္ထနံရံ’သည်သင့်သေခြင်းကြောင့်‌ဖြစ်ပေါ်သောစိတ်ချောက်ချားမှုကိုပယ်ဖျက်လိုက်သည်။]

[အင်္သချေစာဖတ်သူ၏ရှုထောင့် အဆင့်၃အတွက် ဆုလာဘ်ကိုပြင်ဆင်နေသည်။]

...အသုံးပြုခြင်းဆုလာဘ်လား။

ဂျောင်ဟီးဝန်တစ်ယောက်အဝေးတစ်နေရာမှအော်ဟစ်နေသံကိုကြားနေရသည်။သူမကိုအီဟွန်းဆန်းဖမ်းဆွဲထားသည်နှင့်အတူ အမူအရာမှာလည်းအံ့အားသင့်နေလေ၏။ဂျောင်မင်ဆွတ်နှင့်အီဆန်းကွတ်တို့ဟာလည်း သူတို့သူ့ဆီလှမ်းကြည့်နေချိန်တွင်အံ့ဩနေကြသည်။

ကံကောင်းစွာဖြင့် သူတို့အကုန်အန္တရာယ်ကင်းနေသေး၏။သူသိပ်မနောက်ကျသေး။

“ဒို့ဂျာရှီ!”

ဂျောင်ဟီးဝန်မှာသူတို့ဟန်ဆောင်နေသည်ကိုပင်မေ့ကာသူ့နာမည်အားအော်ခေါ်လာသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Donde viven las historias. Descúbrelo ahora