အပိုင်း ၂၀ : အရိပ်စောင့်‌(၂)

268 50 5
                                    

Unicode
Scroll down for Zawgyi

အဖွဲ့ ၏ကောင်းကောင်းတိုက်ခိုက်နိုင်စွမ်း အမှန်တကယ့်ကိုပင်အံ့ဩဖွယ်ကောင်းလှသည်။အထူးသဖြင့် သူနှင့်အတူရှေ့တန်းတွင် တိုက်ခိုက်ခဲ့သော အီဟွန်းဆုန်းနှင့် ဂျောင်ဟီး၀န်ဟာအလွန်ပင် အရှိန်အဝါကြီးလွန်း၏။

တိုက်ပွဲ၏ပုံစံမှာ သဘာ၀ဆန်စွာဖြင့် သူတို့သုံးဦးအရှေ့မှဦးဆောင်ကာ ကျန်သုံးယောက်မှာအနောက်နားတွင်ဖြစ်သည်။တိုက်ပွဲစတင်ပြီးတစ်မိနစ်တောင်မကြာလိုက် မြေကြွက်အနည်းငယ်မှာခေါင်းပြတ်ကာမြေပြင်၌သေဆုံးကုန်ကြပြီဖြစ်သည်။

အီဟွန်းဆုန်းဟာတခြားမြေကြွက်တစ်ကောင်ကိုအနိုင်ယူလိုက်ပြီးနောက် သူ့နှဖူးထက်ရှိချွေးများအားသုတ်ရင်းပြော၏။

“...ကျွန်တော်အသက်ရှင်နိုင်မယ်ထင်တယ်”

သူတို့အကုန်သူတို့၏အလုံးစုံအချက်အလက်အားမြှင့်တင်လိုက်သည်နှင့်တစ်ပြိုင်နက် လူသားမျိုးနွယ်မှာအားမနည်းတော့။

အဲ့လိုဆိုရင်တောင် အီဟွန်းဆုန်း၏ စိတ်နေစိတ်ထားဟာဒီကမ္ဘာထဲအရမ်းထူးခြားသည်။သာမန်လူသားတစ်ယောက်ဆိုဒီလိုတိရိစ္ဆာန်မျိုးနှင့် ကြုံတွေ့နေရချိန် အေးဆေးတည်ငြိမ်နိုင်မည်မဟုတ်။

သံမဏိဓားဆိုသည့်အမည်အား အနာဂတ်တွင်ရခဲ့သည့်အကြောင်းရင်းလည်းရှိသည်။သို့သော်လည်း ပိုပြီးအံ့ဩစရာကောင်းသည့်လူကား ဂျောင်ဟီး၀န်ပင်။

“တိုက်ကွက်က ငါထင်တာထက်ပိုရှင်းတာပဲ?”

ကြည့်ရတာသူမထံရှိသောကန်ဒိုစကေးလ်ကြောင့် သူမဓားအားဆန့်ထုတ်လိုက်သည့်အချိန်တိုင်း မြေကြွက်၏ အမြီးသို့မဟုတ် ခြေထောက်မှာ ပြတ်ပြီးသားပင်။

"ဟပ်!"

ပြဿနာကား ဂျောင်ဟီး၀န်သည်သူမရဲ့ဒင်္ဂါးအများစုအား ခွန်အားထဲမြုပ်နှံထားသည့်အတွက်ကြောင့်ပင်  သူမ၏ခံနိုင်ရည်ဟာသိပ်မကောင်းသော်ငြား စွမ်းအားတစ်ချက်ကမူ ထင်တားသည်ထက်ပိုကောင်းနေ၏။

ဝှစ်!

သူမ၏ဓားဟာ လေထဲကြောက်မက်ဖွယ်ကောင်းစွာရွေ့လျားသွားသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now