အပိုင်း ၇၀ : ဘုရင်မဲ့ကမ္ဘာ (၁)

150 34 6
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

နောက်ဆုံးဘုရင့်အရည်အချင်းစမ်းစစ်ပွဲ။၎င်းသည်
သင့်ခန္ဓာကိုယ်တစ်ခုတည်းဖြင့်သာအနိုင်ယူရမည့်အလွန်ခက်ခဲသောစမ်းစစ်ပွဲဖြစ်သည်။

ဂွမ်ဟွာမွန်းမြေပြင်မှာပျက်စီးနေသည်။အကြွင်းမဲ့ပုလ္လင်ဟာအလယ်ဗဟိုတွင်တည်ရှိနေပြီးကျန်ဘုရင်များဟာ အခြေတွင်အချင်းချင်းတိုက်ခိုက်နေကြသည်။

အလှဘုရင်၊မင်ဂျီဝန်း။

မေတ္တယျဘုရင်၊ချာဆန်းဂျောင်း။

အမြင့်ဆုံးဘုရင်၊ယူဂျွန်ဟော့။

ထို့နောက် ထောင့်နားတွင်သက်လတ်ပိုင်းအရွယ်အမျိုးသား...ထိုလူသည်ကြားနေဘုရင်ဖြစ်သည်။ကြားနေဘုရင်မှာသူ့အကြည့်နှင့်ဆုံသည်နှင့်လက်နှစ်ဖက်အား မြှောက်ပြလာသည်။

[ကြားနေဘုရင်သည် နန်းပုလ္လင်အတွက်တိုက်ခိုက်ခြင်းမှထွက်ခွာသည်။]

ထိုလူဟာနာမည်၊ကြား‌နေဘုရင်ဆိုသည့်အတိုင်း နန်းပုလ္လင်ကိုမတပ်မက် ကျန်လူသုံးယောက်သာအလိုကြီးနေကြ၏။

ထိုသုံးယောက်ထဲမှတစ်ယောက်ဟာယူဂျွန်ဟော့ဖြစ်သည့်အတွက် တိုက်ပွဲမှာတစ်မိနစ်တောင်မကြာဘဲပြီးဆုံးလောက်သည်။

အဲ့တာသာ မူရင်းဝတ္ထုအတိုင်းဆိုရင်ပေါ့လေ။

“သေစမ်း!”

မေတ္တယျဘုရင်၊ချာဆန်းဂျောင်းဟာသူ့တောင်ဝှေးအားလေထဲလွှဲရမ်းလိုက်ပြီး ယူဂျွန်ဟော့မှာထိုလူ၏ဝမ်းဗိုက်အားအမိအရကန်ထည့်လိုက်သည်။

“အွတ်!”

သို့သော်လည်း ချာဆန်း‌ဂျောင်းမှာထင်ထားသလောက်သိပ်မထိခိုက်ပေ။အဘယ့်ကြောင့်ဆိုသော် statsများအားလုံးမှာ level 10သို့အကုန်ပြောင်းလဲသွားခဲ့ခြင်းကြောင့်ဖြစ်၏။စကေးလ်များအားလုံး အသိမ်းခံထားရသည့်အတွက် ယူဂျွန်ဟော့တစ်ယောက်သူ့ကိုယ်ပိုင်ခန္ဓာကိုယ်၏စွမ်းအင်ဖြင့်သာ တိုက်ပွဲအားအနိုင်ယူရမည်ဖြစ်၏။

မင်ဂျီဝန်းမှာနောက်လှည့်ကြည့်လာပြီးသူ့အားတွေ့သွားသည်နှင့် သူ,သူမအား ခေါင်းအနည်းငယ်မျှငြိမ့်ပြလိုက်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now