အပိုင်း ၃၂ : အရေး‌ပေါ်ကာကွယ်ရေး (၁)

221 44 5
                                    

Unicode
Scroll down for Zawgyi

「အီဟွန်းဆုန်းသည်တာဝန်ကျအရာရှိတစ်ယောက်ကဲ့သို့ငိုက်မျဉ်းနေသည်။」

ရှင်သန်ရာနည်းလမ်းများတွင်ထိုကဲ့သိုဖော်ပြကောင်းဖော်ပြထားနိုင်သည်။နောက်ပြီး ထိုကဲ့သို့စာသားမျိုးလည်းရှိနိုင်လောက်၏။

「အီဟွန်းဆုန်းမသိသေးတာဖြစ်နိုင်သည်။ဒီနေ့သူ့အပေါ်ဘာတွေများဖြစ်ပျက်မလဲဆိုတာကိုပေါ့」

“ဟွန်းဆန်းရှီ?”

“...အာ ဟမ်းး၊ကျွန်တော်ခဏ‌လောက်အိပ်ပျော်သွားတယ်။ဒို့ဂျာရှီကောင်းကောင်းအနားယူလိုက်ရလား?”

“အင်း အဆင်ပြေပါပြီ။ဒါနဲ့ မင်းအိပ်ရင်း‌စကားပြောနေတာ။တာဝန်ကျအရာရှိ...”

“အယ်ဟုတ်လား?”

“ဒုတိယတန်းတပ်သားအီဟွန်းဆုန်းဆိုပြီးတစ်ခုခု...”

အီဟွန်းဆုန်းမျက်နှာမှာနီရဲသွားတော့သည်။

“အဲ့-အဲ့တာ...စစ်သားအဖြစ်ထမ်းဆောင်ခဲ့တုန်းကစိတ်ဒဏ်ရာတစ်ခုပဲ”

“စစ်သားအဖြစ်ထမ်းဆောင်တုန်းက?အီဟွန်းဆုန်းကအရာရှိမဟုတ်ဘူးလား?”

“အဲ့တာ...ကျွန်တော်တပ်ကြပ်တုန်းက တတိယတပ်ရင်းကိုပြောင်းရွှေ့ခဲ့ရတာ”

“ငါကြားတာတော့အဲ့လိုကိစ္စမျိုးကရှားတယ်ဆို။မင်းကစစ်တပ်အတွက်တော်တော်သင့်တော်လို့ပဲဖြစ်ရမယ်”

(Military termsတွေနဲ့မရင်းနှီးလို့မှားသွားရင်တောင်းပန်ပါတယ်)

အီဟွန်းဆုန်းကရယ်မောလာ၏။ထိုသို့ရယ်မောခြင်းအပေါ်သူနားလည်နိုင်သည်။စစ်တပ်အတွက် အလွန်သင့်တော်သည့်လူမှာ လူနည်းစုသာရှိကာ ကျန်ရှိသည့်လူများမှာဘယ်နေရာနှင့်မှမသင့်တော်ပေ။

ဒါဆိုအခုချိန်ကကျောက်တုံးသေးလေးပစ်ချရမဲ့အချိန်ပဲ။

“အဲ့လိုဆိုရင်တောင် အီဟွန်းဆုန်းဒီနေရာမှာရှိနေတာ ကျွန်တော်တော့ဝမ်းသာတယ်ဗျာ”

“ဟမ်?”

“အီဟွန်းဆုန်းကျွန်တော့်အရှေ့မှာကာပေးခဲ့တုန်းကဘယ်လောက်တောင်မှစိတ်သက်သာရာရလိုက်သလဲဗျာ။အဲ့တာကလေ တစ်ယောက်ယောက်ကကျွန်တော့်ကိုကာကွယ်ပေးနေသလိုပဲ”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now