အပိုင်း၈၈ : စာဖတ်သူတစ်ယောက်ရဲ့တိုက်ပွဲ (၂)

122 30 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

အင်အားအပြည့်ရှိလေမှာ ခန္ဓာကိုယ်ပတ်ပတ်လည်အားလွှမ်းခြုံလို့ထား၏။သူရှင်သန်ရာနည်းလမ်းများအတွင်းဖော်ပြခဲ့သောစာကြောင်းအားပြန်တွေးမိသည်။

ဟန်ဆူယုန်းဟာ သူအသုံးပြုမည့်စကေးလ်အားရိပ်စားမိသည်နှင့်အတူ အဗာတာများအားဆင့်ခေါ်လာသည်။

“ဘယ်လိုဖြစ်တာလဲ?ငါကနင်သင်လို့မရဘူးလို့ထင်နေတာ”

“နောက်ဆုတ်”

လေလမ်းစဉ်။

{ညာဘက်လက်မှာလေပြင်းတစ်ခုနဲ့ ဘယ်ဘက်မှာမုန်တိုင်းတစ်ခု။မျဉ်းဖြောင့်နဲ့ မျဉ်းကွေးတို့ဆုံတဲ့အချိန်ကျလေလမ်းစဉ်ပွင့်လာလိမ့်မယ်}

သူနားမလည်ခဲ့သည့်အဆိုပါစာကြောင်းဟာ သူကိုယ်တိုင်နဖူးတွေ့ဒူးတွေ့လေများအားခံစားလိုက်ရသည့်အချိန်ကျလက်‌တွေ့တစ်ခုဖြစ်လာခဲ့သည်။

မြောင်အီလ်ဆန်း၏လက်သီးဟာ ရုတ်ချည်းသူ့မျက်စိရှေ့ရောက်လာသည်။

ထိုထိုးနှက်ချက်ဟာထိခဲ့သင့်သည်ဖြစ်သော်လည်း အဓိပ္ပာယ်မဲ့သွားခဲ့ချေပြီ။ထိုစ‌ကေးလ်၏အင်အားကြီးစွမ်းအားဟာ သူ၏ဟာနေသောstatsများနေရာသို့အစားထိုးဝင်ရောက်လာခဲ့သည်။၎င်းသည် အင်မြွန်ထာတို့၏လျို့ဝှက်သိုင်းကျမ်းပင်ဖြစ်၏။

မြောင်အီလ်ဆန်း၏မျက်လုံးများတောက်ပလာခဲ့သည်။

“...ဟမ်?ခင်ဗျားအရှိန်မြန်လာတာလား?”

သူပြန်မဖြေဘဲ စကေးလ်၏အသုံးပြုနည်းကိုသာအာရုံစိုက်ထား၏။အခုချိန်မှစ၍ အချိန်ကိုချင့်ချိန်သုံးကာတိုက်ခိုက်ရမည့်တိုက်ပွဲပင်။စာမှတ်ကဒ်၏ကျန်ရှိနေသောအချိန်မှာ မိနစ်၃၀ဖြစ်သည်။

“အာဟ၊နားလည်ပြီ။အဲ့တာကအဲ့ကဝံပုလွေတွေရဲ့စကေးလ်းမဟုတ်လား?”မြောင်အီလ်ဆန်းမှာသူ့အားလှောင်ရယ်နေ၏။“အဲ့ချီးပေစကေးလ်အသုံးပြုခွင့်ပေးတဲ့ အသိပညာကိုခင်ဗျားလက်ခံရလိုက်တာလား?”

“...”

“ခင်ဗျားသိလား?ငါ့ကိုယ်တိုင်ငါ့လက်နဲ့အဲ့ကောင်တွေရဲ့ဘုရင်ကိုသတ်ခဲ့တယ်ဆိုတာ”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now