အပိုင်း၉၃ : ပြိုင်စံရှား (၂)

135 29 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ရှင်သန်ရာနည်းလမ်းများ၏ကမ္ဘာတွင် ကြယ်တာရာများအားနှစ်ပိုင်းခွဲခြားထားသည်။ပထမအမျိုးအစားမှာ မည်သည့်နေရာနှင့်မှပတ်သတ်မှုမရှိသော လွတ်လပ်သည့်ကြယ်တာရာများဖြစ်ပြီး ကျန်တစ်မျိုးမှာ သီးခြားနက်ဗျူလာတစ်ခုနှင့်သက်ဆိုင်နေသောကြယ်တာရာများဖြစ်၏။

[သေးနုပ်တဲ့လူသားတစ်ယောက်ကများ မြင့်မြတ်တဲ့ကြယ်စင်တွေကိုခြိမ်းခြောက်ရဲတယ်?]

ထိုပြင်းထန်သည့်အရှိန်အဟုန်ကြောင့်သူ့တံတွေးသူပင် ပြန်မျိုချမိလိုက်သည်။ကမ္ဘာ့ဒဏ္ဍာရီအပေါ်မူတည်၍ ဒီကမ္ဘာပေါ်တွင်နာမည်ကြီးနက်ဗျူလာအများအပြားရှိသည်။

၎င်းတို့ထဲတွင် နော်ဒစ်ခ်ဒဏ္ဍာရီမှအက်စ်ဂတ် နှင့် သမ္မာကျမ်းစာမှအေဒင် တို့လည်းအပါအဝင်ဖြစ်ပြီး အခုသူ့ရှေ့မှောက်မှာတော့ ၎င်းတို့နှင့်တန်းတူညီကာနာမည်ကျော်သည့် အိုလံပတ်စ်ပင်ဖြစ်၏။

သူပြော၏“...ပုံတစ်ခုရွေးလိုက်။ငါကယုံကြည်သူမဟုတ်ဘူး”

ယူဆန်းအာ၏အမူအရာပြောင်းလဲသွားသည်။ရုတ်တရပ်ကြီးဆင်းသက်လာကြသောကြယ်တာရာများမှာ အနည်းငယ်မျှရှက်ကိုးရှက်ကန်းဖြစ်သွားကြသော်လည်း သူဆက်သာပြောသည်။

“အစောပိုင်းဇာတ်ကွက်တွေရဲ့ ဖြစ်နိုင်ချေတွေက အိုလံပတ်စ်ရဲ့နတ်ဘုရားတွေကိုဒီကမ္ဘာပေါ်ဆင်းသက်ခွင့်မပေးထားဘူး။ငါပြောတာမှန်တယ်မဟုတ်လား?”

[မင်း...!]

အကယ်၍ဖြစ်နိုင်ချေတွေသာ မျှခြေအဖြစ်မတည်ရှိခဲ့ပါလျှင် ဆိုးလ်တစ်ခုလုံးဟာ အိုလံပတ်စ်နတ်ဘုရား၁၂ပါးရဲ့ဆင်းသက်မှုကြောင့်ပျက်ဆီးသွားခဲ့လောက်၏။ထို့အပြင်သက်ရောက်လာမည့်လှိုင်းဂယက်ဟာလည်းအတော်လေးကြီးမားလောက်သည်။
၎င်းအား အိုလံပတ်စ်ရဲ့နတ်ဘုရားများအထင်သေးကောင်းသေးနိုင်သော်လည်း ထိုသူတို့သည်တုံးအနေကြသည်‌တော့မဟုတ်။သူ ယူဆန်းအာ၏ခန္ဓာအားရစ်ပတ်ထားသည့်မှော်စွမ်းအင်ကြိုးများကိုမြင်နေရသည်။

“လောလောဆယ်တော့ မင်းတစ်ယောက်ထဲထွက်လာခဲ့တဲ့ပုံပဲ‌၊ဝင်္ကပါရဲ့စွန့်ပစ်ခံချစ်သူ”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon