အပိုင်း ၆၇ : ပလ္လင်တို့ရဲ့သခင် (၄)

158 30 4
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

မျက်လုံးတစ်ဖက်အမျိုးသားတစ်ဦးသူ့တို့ဆီသို့ချဉ်းကပ်လာသည်။ဒါသည် သူတို့ဆိုလ်းဘုရင်ခုနှစ်ပါးမှတစ်ပါးနှင့်ပထမဆုံးတွေ့ဆုံခြင်းဖြစ်၏။

ယူဆန်းအာသည်အဖွဲ့လိုက်စကားပြောခန်းမှစကားပြောလိုက်သည်။

-ဒို့ဂျာရှီ အဲ့လူကမဟုတ်မှ...

-အင်း မင်းထင်တာမှန်တယ်။

သူယူဆန်းအာကိုခေါင်းညိတ်ပြလိုက်သည်။ဒီပုံပန်းသွင်ပြင်မြင်‌နေရတာတောင်မှ အဲ့လူလို့မတွေးဖို့ဆိုတာမဖြစ်နိုင်ပေ။

-ဒါနဲ့ ကျွန်မနားမလည်တာကကြယ်တာရာက‘အဲ့ပုဂ္ဂိုလ်’ဖြစ်နေရင်‌တောင် သူ့လူဝင်စားကဘာလို့အဲ့လို့ဝတ်စားထားရတာလဲ?

-ကြည့်ရတာသူနဲ့သူ့ကြယ်တာရာရဲ့အချိတ်အဆက်ကတော်တော်လေးမြင့်နေပုံပဲ။သူတို့ကြားအချိတ်အဆက်ကမြင့်လေလေ ကြယ်တာရာတွေနေထိုင်မှုပုံစံတွေကသူတို့ရဲ့လူဝင်စားတွေအပေါ်ပိုပိုပြီးလွှမ်းမိုလာနိုင်လေပဲ။

-ကျွန်မတော့ဘယ်တော့မှသူ့အရှေ့မှာချောင်းမဆိုးဘူး။

ဆံပင်ရှည်အားနောင်တွင်စည်းထားသည့်လူမှသူ့တို့ဆီချဉ်းကပ်လာသောလူထံဦးညွတ်လိုက်သည်။

“အရှင် ရောက်လာပြီပေါ့။”

“အင်း”

“အခြေအနေဘယ်လိုလဲခင်ဗျာ?”

“ငါပြောဖို့လိုလို့လား?ဒီနေရာမှာ။”

ထိုမျက်လုံးတစ်ဖက်လူကသူ့တောင်ဝှေးကိုညွှန်ပြသည်။ခုနှစ်စင်ကြယ်မှရရှိလာသည့်အပြာရောင်ကျောက်တစ်လုံးအားထိုတောင်‌ဝှေးတွင်တပ်ဆင်ထားသည်။

[အလိုကြီးမြေခွေးကြယ်]

ထိုဆံရှည်က၎င်းအားလေးစားစွာပင်။

“အိုးးး...!”

သူကမဆိုးဘူးပဲ?ကြယ်စင်ကျောက်မျက်တစ်လုံးတောင်ရပြီးနေပြီ...

ကြယ်စင်ကျောက်မျက်များသည် ခုနှစ်စင်ကြယ်အခန်းမှဆုလာဘ်များဖြစ်ကြသည်။

၎င်းသည် overall statsများအားအဆင့်တစ်ဆင့်စီမြှင့်တင်ပေးသောပစ္စည်းများဖြစ်ကြပြီး ၎င်းတို့အသီးသီးထံတွင်လည်းသူ့နည်းသူ့ဟန်ဖြင့်ကောင်းမွန်သောသက်ရောက်မှုများရှိကြသော်ငြား ထိုကြယ်စင်ကျောက်မျက်များခုနှစ်ခုလုံးစုံမှသာ အဓိပ္ပာယ်ရှိကြသည်ပင်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now