အပိုင်း ၄ : အခကြေးငွေစနစ်စတင်ခြင်း၄

351 67 7
                                    


Unicode
............

သူရယ်လိုက်မိသည်။စာရေးသူပို့လိုက်သည့်ဖိုင်ဟာ အလိမ်အညာမဟုတ်မှန်းသေချာစေရန် သူ့ခေါင်းတစ်ခုလုံးရှင်းရှင်းထားကာ ထပ်ကြည့်သည်။ထိုဖိုင်အမျိုးအစားမှာ TXTဖြစ်သည်။ဒါဆိုစာရေးသူက...သူ့၀တ္ထုရဲ့ကော်ပီ ကိုလက်ဆောင်အနေနဲ့ပို့ပေးလိုက်တာလား?

[သင်သည်အထူးပင်ကိုယ်စွမ်းရည် တစ်ခုရရှိခဲ့သည်။]

[အထူးစွမ်းရည် ကျွမ်းကျင်မှုဆိုင်ရာဇယားအားအသက်သွင်းပြီးပါပြီ။]

သူဖိုင်အားဖွင့်သည့်အချိန်၌သူ့နားထဲ ထိုမက်ဆေ့ခ်ျအားကြားလိုက်ရသည်။ဒီလိုစွမ်းရည်မျိုးတွေပေါ်လာသည်ကိုသူ မအံဩမိ။အကြောင်းမှာ မူရင်း၀တ္ထုဖြစ်သည့် 'ရှင်သန်ရာနည်းလမ်းများ' မှာ ထိုကဲ့သို့သော စွမ်းရည်မျိုးတွေတည်ရှိသည့် ၀တ္ထုမျိုးဖြစ်ကာ ရှင်သန်သူများအားလုံးတွင် ကိုယ်ပိုင်အရည်အချင်းနှင့်စွမ်းရည်အသီးသီးပိုင်ဆိုင်ကြသည်။

သူရရှိခဲ့သည့် ပင်ကိုယ်စွမ်းရည်အား သိရှိရန် စိတ်ထဲကနေ 'စွမ်းရည် ၀င်းဒိုး' အားဆင့်ခေါ်လိုက်သည်။

[သင်၏စွမ်းရည်၀င်းဒိုးအားအသက်မသွင်းနိုင်ပါ]

ဘာ? သူနောက်တစ်ကြိမ်'စွမ်းရည်၀င်းဒိုး' အားထပ်ခေါ်လိုက်ပေမဲ့ ရလာဒ်ကတော့ အတူတူပင်။

အဓိပ္ပာယ်မရှိလိုက်တာ။အဲ့လိုမျိုးလည်းရှိသေးသည်လား? အကယ်၍အဲ့ဒီ 'စွမ်းရည်၀င်ဒိုး' ကိုသာ အသက်မသွင်းနိုင်ရင် သူ့မှာ ဘယ်လို စွမ်းရည်နှင့် စကေးလ်မျိုးရှိမှန်း မည်သို့မျှမှသိနိုင်မည်မဟုတ်။

ကိုယ့်ကိုကိုယ်နှင့်ရန်သူအကြောင်းသိထားခြင်းဟာ အောင်နိုင်ခြင်းဆိုသည့်တိုင် ယခုချိန်တွင်မူ ရန်သူ့အကြောင်းပင်မဆိုထားနှင့် သူ့အကြောင်းသူပင်မသိဖြစ်နေလေသည်။

လေထဲအား‌ခဏစိုက်ကြည့်နေပြီးနောက်အရှုံးပေးလိုက်ကာ ၀တ္ထုကိုသာဖတ်ရန် ဆုံးဖြတ်လိုက်သည်။

[သင့်၏'အထူးပင်ကိုယ်စွမ်းရည်' သက်ရောက်မှုကြောင့် စာဖတ်နှုန်းမှာတိုးတတ်လာသည်]

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now