အပိုင်း ၈ : ဇာတ်လိုက် (၃)

305 65 2
                                    

သူအီဟွန်းဆုန်းနှင့်ဟန်မြောင်အို တို့မျက်လုံးအားတည့်တည့်စိုက်ကြည့်ရင်းပြောလိုက်သည်။

"မင်းတို့အဲ့တံခါးနောက်ကလူရဲ့လက်ထဲမှာသေချင်လား ဒါမဟုတ်ရထားအပြင်ထွက်ပြီးမင်းတို့ကံကိုစမ်းကြည့်မလား?ဘယ်ဟာရွေးချင်လဲ?"

"အ-အာ"

"ဒို့ဂျာရှီ ဒီသံတံခါးအနောက်ကလူကရန်သူဆိုတာသေချာရဲ့လား?"

သံမဏိဓားအားအရေးပါသည့်အခန်းတိုင်း၌မြင်ရနိုင်သည်။သို့သော်အီဟွန်းဆုန်း ကအဖွဲ့ခေါင်းဆောင်မဖြစ်နိုင်သည့်အကြောင်းအရင်းရှိသည်။

"တခြားရထားတွဲကလာတယ်ဆိုထဲက ကြည့်ရတာ အသက်ရှင်ကျန်သူတွေဖြစ်နိုင်လောက်တယ်။ကျွန်တော်တို့တွေ့ကြည့်ရင်ရော..."

သူဆက်မပြောတော့ဘဲသွေးသံရဲရဲဖြစ်နေသည့်ရထားတွဲအားကြည့်လိုက်သည်။အီဟွန်းဆုန်းလည်းသူ့အတိုင်းလိုက်ကြည့်ပြီးနောက် တိတ်တဆိတ်ပင်ပြောလာသည်။

"...ကျွန်တော်သတိလက်လွတ်ဖြစ်သွားတယ်။အပြင်ထွက်ဖို့လမ်းရှာရအောင်"

"သွား-သွား!မြန်မြန်သွားရအောင်!"

ဒီအချိန်မှာပင်လူအားလုံးကသတိ၀င်လာသည်။အကြောင်းမှာ တခြားရထားတွဲကလူသည်လည်းသူတို့လိုအဖြစ်မျိုးကြုံလာရမှာသေချာသည်။သူတို့လိုကံကောင်းပြီး 'အင်းဆက်တွေ'ရှာမတွေ့လိုက်သည်လူ မျိုးဖြစ်နိုင်လောက်သည်။

"ဒါကြီးကကျိုးနေပြီ!"

"သေစမ်း ငါတို့ဒီဖက်ကသွားလို့မရဘူး!"

အီဟွန်းဆုန်း နှင့် ဟန်မြောင်အိုရဲ့အော်သံတွေကိုနားထောင်ရင်းဖြင့်ပင် သူသည်လည်းတံခါးတွေအားစစ်ဆေးနေသည်။အခုချိန်မှာအရံအတားတွေမရှိတော့သည့်အတွက်တံခါးအားထိကိုင်လို့ရနေပြီဖြစ်သည်။

ရထားစင်္ကြံလမ်းတွေအားဆက်သွယ်ထားသည့်တံခါးတွေမှလွဲ၍‌ မြေအောက်ရထားတွဲ ထဲတွင် အသုံးပြုလို့ရနိုင်သည့်တံခါးပေါင်း၈ခုရှိပြီး မစစ်ရသေးသည့် ထွက်ပေါက်၃ခုရှိသည်။

Kung!

သံတံခါးမှာ တစ်မိနစ်လောက်သာထိန်းထားနိုင်တော့မည့်ပုံပေါ်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Où les histoires vivent. Découvrez maintenant