အပိုင်း ၅၈ : ဇာတ်လိုက်ရဲ့ပထမလူရှုထောင့် (၅)

202 42 4
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

စာရေးဆရာ။၎င်းသည်ရှင်သန်ရာနည်းလမ်းများထဲမှအဗာတာစွမ်းရည်ကိုပေးနိုင်သောအလုပ်အကိုင်အနည်းစုထဲမှတစ်ခုဖြစ်ပေသည်။

အကယ်၍ထိုလူသာစာရေးဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆို ထိုလူ၏ထူးခြားဆန်းပြားသောလုပ်ရပ်အချို့ကိုဖြေရှင်းပြီးသားဖြစ်၏။

ပထမနောက်လိုက်၏နှုတ်ခမ်းတွေမှာခပ်ပြေပြေလေးမဲ့သွား၏။

“စာရေးဆရာ...ဗျာဒိတ်ကျမ်းဖန်တီးရှင်လို့ ဆိုလိုတာလား?မင်းသိသွားပြီပဲ။အမှန်ပဲ၊ငါကဗျာဒိတ်ကျမ်းကိုရေးခဲ့တာ”

သူထိုကဲ့သို့မဆိုလိုပေမဲ့ ဒီသူတောင်းစားက ရုတ်တရပ်ကြီးမဟုတ်တရုတ်တွေပြောနေတော့တာပဲ။သူ့အတွက်ကတော့ ၎င်းဟာမဖြစ်နိုင်သည့်အမှန်တရားပင်။သူယူဂျွန်ဟော့ဘက်သို့လှမ်းကြည့်လိုက်သည်။

[မူပိုင်စကေးလ် အသင်္ချေစာဖတ်သူ၏ရှုထောင့်ကိုအသက်သွင်းသည်!]

[ဇာတ်ကောင်ယူဂျွန်ဟော့သည်မုသားဖော်ထုတ်ရေး Lv.6 ကိုလက်ရှိအသုံးပြုထားသည်]

သူသိတာပေါ့။ယူဂျွန်ဟော့ကအသေစေ့စပ်တဲ့ကောင်ပင်။သူထပ်မံကာမေး၏။

“မင်းကဗျာဒိတ်ကျမ်းကိုရေးတယ်?”

“ဟုတ်တယ်။တစ်ချိန်တည်းမှာပဲ ငါက ဗျာဒိတ်ကျမ်းရဲ့တစ်ဦးတည်းသောပိုင်ရှင်ဆိုလည်းဟုတ်တယ်”

ယုံကြည်မှုအပြည့်နှင့်ရယ်သံတစ်ခုထွက်ပေါ်လာသည်။

တကယ်လား?နောက်တစ်ကြိမ်လောက်ထပ်စိန်ခေါ်ကြည့်ကြတာပေါ့။

[ဇာတ်ကောင်‘ယူဂျွန်ဟော့’သည်‘မုသားဖော်ထုတ်ရေး Lv.6’ကိုအသုံးပြုခဲ့သည်။]

[ဇာတ်ကောင်‘ယူဂျွန်ဟော့’သည်ထွက်ဆိုချက်မှန်ကန်ကြောင်းအတည်ပြုသည်။]

...ဘာ?ဒီကောင်အမှန်တိုင်းပြောနေတာလား?သူရုတ်တရပ်ပင်ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး သူ့အသိစိတ်မှာရှုတ်ထွေးလာတော့သည်။သူဘယ်လိုပဲတွေးကြည့်တွေးကြည့်ထိုကိစ္စဟာမဖြစ်နိုင်။

သူ့ရှုပ်ထွေးမှုတွေကိုကွယ်ဝှက်ကာထပ်မေး၏။

“မင်းပြောနေတဲ့‘ဗျာဒိတ်ကျမ်း’အတိအကျကဘယ်ဟာလဲ?”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now