၆၆၆။ သေမင်းနယ်မြေ (၁)

Începe de la început
                                    

၎င်းသာမန် သစ်သားတုတ်ကို နေ့စဉ် လေ့ကျင့်ခန်းအတွက် လူများ အသုံးပြုတတ်ကြသည်။ သို့သော် ဂျန်ဝုရှီက ရှေ့ဆက်သွားနိုင်ရန် မြေပြင်အား စစ်ဆေးဖို့ အသုံးပြုလေ၏။

စိမ်းညို့ညို့ ရေညှိများက မြေပြင်တစ်ခွင်တပြင်ကို ကျယ်ကျယ်ပြန့်ပြန့် ဖုံးအုပ်ထားသည်။ ဘယ်နေရာကြည့်ကြည့် အတူတူပင် ဖြစ်နေသည်။ သို့သော် ၎င်းရေညှိများ၏ အောက်တွင် သေမင်းနွံတွင်းများ အများဆုံး ရှိနေလေ၏။

ဂျန်ဝုရှီက တုတ်ချောင်းဖြင့် မြေပြင်ကို ဦးဆောင်၍ စမ်းသပ် စစ်ဆေးပြီးမှ ခြေလှမ်းသည်။ သူမနောက်ဘက်တွင် ကျောက်ချူနှင့် တခြားသူများက ရှေ့နောက် တန်းစီ၍ လိုက်ပါလာကြသည်။ ဂျန်ဝုရှီ နင်းသည့် ခြေရာအတိုင်း လိုက်လံ နင်း၍ လိုက်လာကြသည်။

လွှမ်းခြုံထားသော မြူထုအတွင်း တိတ်ဆိတ်ခြင်းက နောက်တစ်ဖန် ရောက်လာသည်။

ဂျန်ဝုရှီက သူမလက်ထဲမှ သုံးဆစ်ချိုးတုတ်ဖြင့် ရှေ့ဘက် ခြေသုံးလှမ်းစာ အထိ ထိုးဆွ၍ စစ်ဆေးစဉ် ရုတ်တရက် မြေပြင်က ကြံ့ကြံ့ခံ မာကျောမှု မရှိတာကို သူမ ခံစားလိုက်ရသည်။

ဂျန်ဝုရှီ ရှေ့သို့ လဲကျသွားသည်။ သုံးဆစ်ချိုးတုတ်ကို သူမ ထောက်အားပြု၍ သူမကိုယ်ကို ပြန်မတ်ယူလိုက်သည်။ သို့သော် သုံးဆစ်ချိုးတုတ်ကို ပြန်ဆွဲနှုတ်လို့ မရတော့ပေ။

(နွံဗွက်အိုင်လား)

ဂျန်ဝုရှီ မျက်လုံးများ နက်မှောင်သွားသည်။

သစ်သားတုတ်ချောင်းကို ပြန်ဆွဲနှုတ်မည့် သူမအကြံကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ သူမ တုတ်ချောင်းအား လက်လွှတ်ပေးလိုက်သည်။ ခဏအတွင်းမှာပင် တစ်မီတာကျော်ရှည်သော သစ်သားတုတ်ချောင်းက လုံးလုံး ဝါးမျိုတာ ခံလိုက်ရသည်။ ရှေညှိက ကွဲအက်သွားပြီး ခဏလောက် ဗွက်ခနဲ ဖြစ်သွားကာ ပြန်လည် ပိတ်ဆို့သွားပြီး နဂိုအတိုင်း ပြန်ဖြစ်သွားလေ၏။

ဒီအနားပတ်လည်က..... တကယ်ပဲ အတော် ကြောက်စရာကောင်းလိုက်တာ ဂျန်ဝုရှီ နောက်တည့်တည့်မှ ကျောက်ချူက ကိစ္စရပ်တစ်ခုလုံးကို မျက်မြင် တွေ့လိုက်သည်။

ဂျန်ဝုရှီက သစ်သားတုတ်ချောင်းကို ပြန်ဆွဲနှုတ်ယူရန် ကြိုးပမ်းချိန်မှာ သူမ၏ ဝိညာဉ်စွမ်းအားကို ထုတ်သုံးခဲ့သည်။ သို့သော် နည်းနည်းလေးမျှ အရာမထင်ခဲ့ပေ။ သူမ၏ စွမ်းအားအကုန်လုံးက နွံဗွက်အိုင်၏ စုပ်ယူဝါးမျိုခြင်းကို မယှဉ်ပြိုင်နိုင်ချေ။

နွံဗွက်အိုင်၏ ဝါးမျိုခြင်းကို ခံရသော လူတစ်ယောက် မည်သို့ ဖြစ်သွားနိုင်သလဲဆိုတာ မိုးကောင်းကင်ကသာ သိလိမ့်မည်....

ပိုမို၍ ကြောက်စရာကောင်းတာက နွံဗွက်အိုင်က သူ့အလိုလို ပေါ်လာပြီး ချက်ချင်းပင် မူလမြင်ကွင်းအတိုင်း ပြန်ဖြစ်သွားခြင်းပင်။ ၎င်းနွံဗွက်အိုင်များ၏ အရိပ်အယောင်ကို ရှာတွေ့ဖို့က မဖြစ်နိုင်သလောက်ပင်။

ငါတို့ လော့မဲ့မဲ့ကို ရှေ့ဆက်မဲ့ လမ်းမှာ စုံစမ်းထောက်လှန်းခိုင်းရင်ရော၊ သူ့ခန္ဓာကိုယ်ကြီးနဲ့ ဆိုရင် သာမန်နွံဗွက်အိုင်က သက်ရောက်မှာ မဟုတ်လောက်ဘူး ကျောက်ချူက အနည်းငယ် မျက်မှောင်ကြုတ်၍ အကြံပြုသည်။

ဂျန်ဝုရှီက ကန့်ကွက်သည့်အနေဖြင့် ခေါင်းယမ်းပြသည်။

နွံဗွက်အိုင်တွေရဲ့ အရွယ်အစားကို ငါတို့ သေချာ မသိကြဘူး၊ အရမ်းကြီးတဲ့ နွံဗွက်အိုင် ပေါ်ထွက်လာမယ်ဆိုရင်, လော့မဲ့မဲ့သာ အဲဗွက်အိုင်ထဲ ကျသွားမယ်ဆိုရင်, ငါတို့ သူ့ကို ပြန်ကယ်နိုင်မဲ့ နည်းလမ်း မရှိဘူး၊ ဒါပေမဲ့ ငါတို့ထဲက တစ်ယောက်ယောက် ပြုတ်ကျသွားရင်တော့ ပြန်ဆွဲထုတ်ဖို့ လော့မဲ့မဲ့ရဲ့ စွမ်းအားကို အသုံးပြုနိုင်သေးတယ်၊ ဒါပေမဲ့ လော့မဲ့မဲ့သာ ညပ်သွားရင်, ငါတို့ ရှေ့ဆက်မဲ့ လမ်းက ပိုပြီးတော့တောင် ခက်ခဲသွားလိမ့်မယ်။

မုကွိုင်ဖန် သူတို့အား ပြောပြထားသော စကားလုံးတိုင်းကို ဂျန်ဝုရှီ မှတ်မိနေဆဲ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Unde poveștirile trăiesc. Descoperă acum