၆၃၀။ ရုတ်တရက် ခွဲခွာခြင်း

Start from the beginning
                                    

ဂျန်ဝုရှီက ၎င်းဆေးမီးပြင်းဖိုကို အကြာကြီး စိုက်ကြည့်နေပြီး မည်သည့် စကားကိုမျှ မပြောချေ။ အခန်းတွင်းရှိ မွန်းကျပ်ဖွယ် အနေအထားကြောင့် ယဲ့မေ့ အနည်းငယ်မျှ မလှုပ်ရှားရဲချေ။

ငါ နားလည်ပြီ။ အတော်ကြီးကြာမှ ဂျန်ဝုရှီက စကားပြောလာသည်။

ယဲ့မေ့က အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သခင်လေး ဝုယောင်းက ပြောသွားပါတယ်... အချိန်တစ်ခုလောက်ကြာရင် သခင်မလေးဆီ ပြန်လာပါ့မယ်တဲ့...

နင် သွားနိုင်ပြီ ဂျန်ဝုရှီက အေးတိအေးစက် ပြောသည်။

ယဲ့မေ့က အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

အခန်းထဲတွင် ဂျန်ဝုရှီတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ကြောင်နက်လေးက စားပွဲပေါ်သို့ ခုန်တက်လိုက်သည်။ အသေးစိတ် လက်ရာသေသပ်စွာ ထွင်းထု ဖန်တီးထားသော ဆေးမီးပြင်းဖိုကို သူက လှည့်ပတ် လျှောက်သည်။ သူ၏ အမွှေးထူး အမြီးက ဆေးမီးပြင်းဖိုကို အကြိမ်များများ တွေ့ထိ ပွတ်သပ်မိသည်။

ဒါကို ရွှေနဲ့ လုပ်ထားတာ မဟုတ်ဘူး၊ ဘယ်လို သတ္တုမျိုးနဲ့ လုပ်ထားသလဲ ငါ မပြောတတ်ဘူး ကြောက်နက်လေးက ရိုးသားစွာ ပြောသည်။

ဂျန်ဝုရှီက ရုတ်တရက် လက်ဆန့်၍ ဆေးမီးပြင်းဖိုကို စားပွဲပေါ်မှ တိုက်ချလိုက်သည်။

ဆေးမီးပြင်းဖိုက ကြမ်းပြင်ပေါ်သို့ တဂွမ်ဂွမ် မြည်လျက် ပြုတ်ကျသွားသည်။

ကြောင်နက်လေး အေးစက်မာကျောနေသော ဂျန်ဝုရှီ၏ မျက်နှာကို ကြည့်လျက် အေးစက်တောင့်တင်းသွားရသည်။

ဂျန်ဝုရှီက ဆေးမီးပြင်းဖိုကို ကြည့်နေသည်။ မရင်းနှီးမကျွမ်းဝင်သော မချင့်မရဲ ခံစားချက်က သူ့နှလုံးသားကို ဖျစ်ညှစ်ထားသည်။ ဆေးမီးပြင်းဖို အစုတ်ပလုတ်ကြောင့်သာ မဟုတ်လျှင်, နောက်ထပ် ဆေးမီးပြင်းဖို တစ်ခုကို ဂျန်ဝုယောင်းအား အစားထိုးပေးဖို့ သူမသာ မပြောခဲ့လျှင်, သူ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ဆိုလိုသည် မဟုတ်လော။

ဒီမချင့်မရဲ ခံစားချက်က သူမအတွက် အသစ်အဆန်း ဖြစ်သည်။ ၎င်းခံစားချက်ကို သူမ နားမလည်နိုင်ချေ။ ပုံမှန်မဟုတ်သော ၎င်းခံစားချက်က သူမ၏ ပုံမှန် တည်ငြိမ်ခြင်း, ကျိုးကြောင်းသင့် ဆင်ခြင်တတ်သော အသိဉာဏ်ကို တဖြည်းဖြည်း နေသားမကျစေဘူးဆိုတာကိုတော့ သူမ သိသည်။

အခန်းက သဘာဝမကျစွာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကြောင်နက်လေးသာ ယင်းသို့ ခံစားမိသည် မဟုတ်ဘဲ, ဂျန်ဝုရှီ၏ အိပ်ရာပေါ်တွင် လဲလျောင်းနေသော လော့မဲ့မဲ့သည်လည်း ဂျန်ဝုရှီအား ထူးဆန်းသော ခံစားချက် ဖုံးလွှမ်းသွားတာကို ခံစားမိသည်။ သူက တလက်လက် တောက်ပနေပြီး အပြစ်ကင်းစင်သည့် မျက်လုံးများဖြင့် ဂျန်ဝုရှီ၏ အေးစက်၍ မဆုတ်မနစ် ခိုင်မြဲသော ကျောပြင်ကို စူးစိုက် ကြည့်နေမိသည်။

ဂျန်ဝုရှီ ရုတ်တရက် ထရပ်ပြီး ကြမ်းပြင်ပေါ် လဲကျနေသော ဆေးမီးပြင်းဖိုကို ကောက်ယူလိုက်သည်။ သူမ မည်သည့် စကားကိုမျှ မဆိုတော့ဘဲ ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေသော တခြားအခန်းထဲသို့ ဝင်သွားသည်။ ၎င်းဆေးဖက်ဝင်များကို ဖန်ချီ၏ အမိန့်ကြောင့် သူ့လူများ ဒီနေရာသို့ ပို့ဆောင်ပေးထားခြင်း ဖြစ်သည်။ ဖန်ဇို၏ ကျန်းမာရေး လတ်တလော တိုးတက်လာသည်နှင့် အညီ ဂျန်ဝုရှီ၏ ဆေးပညာအရည်အသွေးကို ဖန်ချီ အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဂျန်ဝုရှီ တောင်းဆိုသည့် အရာတိုင်းကို သူမအတွက် ရှာဖွေပေးဖို့ ဖန်ချီ အမိန့်ပေးထားသည်။

ထို့ပြင် သည်အခန်းကို ဂျန်ဝုရှီ သီးသန့် သုံးစွဲဖို့ ယာယီ ဆေးစပ်ခန်းအဖြစ် ပြောင်းလဲပေးထားခဲ့သည်။

ဂျန်ဝုရှီက ဆေးမီးပြင်းဖိုကို စားပွဲပေါ်မှာ တင်ထားသည်။ သူမ မည်သည့်စကားကိုမျှ မပြောဆိုချေ။ ထို့နောက် ဘေးဘက် စင်များတွင် အကန့်လိုက် တင်ထားသော ဆေးဖက်ဝင်များကို ရွေးချယ်ယူသည်။ သူမရည်ရွယ်ချက်က လတ်တလော ရက်များတွင် ဖြစ်ပေါ်လာသော သူမ၏ စိတ်တွင်းခံစားချက်ကို ဖယ်ရှားပစ်ရန် ဖြစ်သည်။ သူမ၏ တည်ငြိမ်အေးဆေးသော အမူအရာက အစောနက ဖြစ်ပျက်ခဲ့သည့် အရာများက ပုံရိပ်ယောင်တစ်ခုလို ဖြစ်သွားစေသည်။

လော့မဲ့မဲ့က အိပ်ရာပေါ်မှ ခုန်ဆင်းလာသည်။ သူက ကြမ်းပြင်ပေါ်တွင် တတက်တက် လျှောက်သွား၍ ဆေးစပ်ခန်းသို့ ဦးတည်လိုက်သည်။ သူက ကြောင်နက်လေးနှင့် အတူ ဆေးစပ်ခန်းသို့ ခေါင်းပြူ၍ ချောင်းကြည့်သည်။ ဆေးစပ်ခန်းတွင် ဂျန်ဝုရှီက သူမဘာသာ အလုပ်ရှုပ်နေလေ၏။

မက်

(ဘာလို့ သခင်မလေး ဒေါသထွက်နေတာလဲ။)

ညောင်

(ငါတို့ သခင်မလေးက သာမန်လူသားတစ်ယောက်လို ခံစားချက်တွေ တိုးတက်လာပြီလေ၊ ဒါပေမဲ့ မြောင့်ကို ပြောပါအုံး၊ ငါ တကယ်ပဲ ငိုသင့်သလား၊ ဒါမှ မဟုတ် ပျော်လို့ ရယ်သင့်သလားဆိုတာကိုလေ။)

ပါရမီရှင်သမားတော်(၂)Where stories live. Discover now