အပိုင်း(၄၁)

Beginne am Anfang
                                    

  အိပ်ရာက တကယ်ကိုသေး‌လှလေတယ်။ ဒီကုတင်ပေါ်မှာ လူတစ်ယောက်သာ အိပ်နိုင်လောက်တယ်၊ လုမူရှန်းပါ ပေါင်းထပ်လိုက်မယ်ဆိုရင်တော့၊ သေချာပေါက် ကျပ်သိပ်သွားနိုင်လေသည်။

  လုမူရှန်းက အရည်ရှည်ကာ ခြေတံရှည်တွေရှိလေတယ်။ သူ့ကြည့်ရတာ ပိန်းပါးပုံပေါ်ပေမဲ့ တကယ်တမ်းကျ ပုခုံးကျယ်ကြီးရှိလေ၏။ သူကုတင်ပေါ်လှဲချလိုက်တာနဲ့၊ သူ့ကြောင့် ဆုန်ရန်က ဖျစ်ညှစ်ခံရနိုင်လေ၏။

  သူက ကုတင်နားလျှောက်သွားကာ မှီထိုင်လိုက်ကာ၊ ကုတင်ကိုပုတ်ပြီး ပြောလာလိုက်တယ်၊ "မင်းအိပ်ရာက အတော်သေးတာပဲ။"

  ဆုန်ရန်က ပစ္စည်းတွေ သိမ်းပြီးသွားလေပြီ၊ သူမက အဝတ်ဗီရိုကို ပိတ်ကာ၊ ထရပ်လိုက်ပြီး၊ သူ့အား ပြန်ဖြေလာလိုက်လေတယ်: " သေးပေမဲ့၊ ငါအိပ်လို့အဆင်ပြေတယ်လေ။"

  "နှစ်ယောက် အတူတူအိပ်လို့ မရနိုင်ဘူးလေ?" လုမူရှန်းက ပြုံးကာ အရွှန်းဖောက်လာလိုက်တယ်။

  ဆုန်ရန်က လုမူရှန်းနားလျှောက်လာကာ၊ သူ့ပုခုံးကိုပုတ်ပြီး၊ "နင်ဘာလို့ အရှက်မရှိရတာလဲ?"

  လုမူရှန်းက သူမလက်လေးကို လှမ်းကိုင်လာကာ၊ အပြုံးတွေကို သိုဝှက်ထားရင်း၊ "ကိုယ်ဘာပြောမိလို့လဲ?"

  ဆုန်ရန်က လုမူရှန်းကျီစယ်တာကို ခံလိုက်ရတော့၊ သူမခြေထောက်ဖြင့် လှမ်းကန်လိုက်ပါလေတယ်၊ "လုမူရှန်း၊ နင်က ပိုပိုဆိုးလာပြီနော်။"

...

  လုမူရှန်းအိမ်ကို ရောက်ဖူးတာက ဒါပထမဆုံးအကြိမ်မဟုတ်ပေမဲ့၊ လာနေဖူးတာကတော့ ပထမဆုံးအကြိမ်ဖြစ်လေ၏၊ ဒီတော့ သူမမှာ စိတ်လှုပ်တရှား ဖြစ်နေလေကာ စိတ်ထိန်းချုပ်ထားလေတော့သည်။

  အမေလုလည်း သတိထားမိလေတော့၊ သူမအား နှစ်သိမ့်လာလိုက်လေတယ်၊ "ရန်ရန်၊ ဒီအိမ်ကို အခုကစလို့ သမီးအိမ်လို သဘောထားထားနော်၊ ဘာမှာ ချုပ်တည်းထားစရာမလိုဘူး။" သူမက ဆက်ပြောလာပါသေးတယ်၊ "သိပ်မကြာခင် ဒီအိမ်က သမီးအိမ်ဖြစ်လာမှာပဲလေ။" ထို့နောက်မှာတော့ထ အမေလုက ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်ပါလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Wo Geschichten leben. Entdecke jetzt