၅၈၄။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၂

Начните с самого начала
                                    

ဒီတော့ မင်းတို့ ပြောတာတွေ အားလုံးက ယုတ္တိရှိနေသလိုပဲ၊ ကနေ့ ဒီမှာ အားလုံး စုစည်းဖို့ ပြောတာလည်း ဂူလီရှန်လို့ ငါ ကြားထားတယ်၊ မင်းတို့ ပြောတာတွေ အခြေခံလိုက်ရင်, အရာရာက အံဝင်ဂွင်ကျသွားသလိုပဲ။ နောက်ကျောင်းသားတစ်ယောက်က ပြောသည်။

လူငယ်များ အုပ်စုက ရုတ်တရက် မိစ္ဆာဆန်စွာ တဟားဟား ရယ်လိုက်ကြသည်။

တစ်ကျောင်းတည်းသား အချင်းချင်း အချိန်မရွေး သတိမထားမိခင် နောက်ကျောကို ဓားနှင့် ထိုးနိုင်ကြောင်း မည်သူမျှ မစူးစမ်းလိုကြချေ။

ဟေး... ဟိုကို ကြည့်ကြစမ်း... အဲဒါ ဘယ်သူလဲ... မျက်စိလျင်သော လူငယ်တစ်ယောက်က ရုတ်တရက်‌ အော်ပြောသည်။ သူက အတော်လှမ်းလှမ်းမှ လူနှစ်ယောက် စည်းဝေးကွင်းသို့ ရောက်လာတာကို ထောက်လှမ်းမိသွားသည်။

နှစ်ယောက်မှ တစ်ယောက်က လူတိုင်းသိပြီး လူတိုင်း မှတ်မိကြသော တစ်စုံတယောက် ဖြစ်သည်။ သူကား ဖန်ဂျင် ဖြစ်သည်။ ဖန်ဂျင်ဘေးမှာ ရှိနေသူကား သွေးသွယ်သော ခန္ဓာကိုယ်ရှင် လူငယ်တစ်ယောက် ဖြစ်သည်။ သူ့မျက်နှာက နူးညံ့ချောမွေ့သည်။

ဘာလဲဟ, သူက မျက်နှာတောင် ပြရဲတယ်လား၊ သူ တကယ်ပဲ သေမှာ မကြောက်ဘူးလား။

သူ ဒီကိစ္စတွေကနေ ပုန်းရှောင်လို့ ရမယ်လို့ မင်းထင်နေတာလား၊ ဂူလီရှန်က လီဇီမုအတွက် လက်စားချေချင်တယ်ဆိုရင်, သူ လေညင်းကျောင်းတော်ကနေ ထွက်ပြေးသွားရင်တောင် လွတ်မှာ မဟုတ်ဘူး။

စည်းဝေးကွင်းက နှာခေါင်းရှုံ့သံ ပြစ်တင်သံ စိုးရိမ်ပူပန်သံတို့ဖြင့် ပြည့်နှက်နေပြီး မီးစာထည့်နေကြသည်။ ပုန်းနေချင်သူ, ပြပွဲကို ကျေနပ်စွာ ကြည့်ချင်နေသူများလည်း ချို့တဲ့မနေပေ။

ဂျန်ဝုရှီ ခြေလှမ်းတစ်လှမ်းချင်း စည်းဝေးခန်းမနှင့် နီးကပ်လာသည်နှင့် စည်းဝေးကွင်းရှိ လူတိုင်းက သူမကို စူးစိုက်၍ ကြည့်နေကြသည်။

နင်ရှင်းနှင့် ယင်ယန်က ‌ကျောင်းသားအုပ်ကြီးထဲမှာ ရပ်နေကြသည်။ သူတို့မျက်နှာက အားရကျေနပ်ခြင်း, မိစ္ဆာဆန်သော အပြုံးတို့ဖြင့် တွန့်လိမ်နေကြ၏။

ငါတို့ သူ့ကို ဖယ်ရှားပစ်ဖို့ ဘာမှတောင် လုပ်စရာမလိုတော့ဘူးနဲ့ တူတယ်၊ သူ ဂူလီရှန်ကို သွားရှာကတည်းက သူ ပျက်စီးဖို့ ချိတ်တံဆိပ် ခတ်နှိပ်ခံလိုက်ရတော့တာပဲ၊ အဲကောင်စုတ်လေးကို ဂူလီရှန်က လွယ်လွယ်နဲ့ ဘယ်လွှတ်ပေးပါ့မလဲ။ နင်ရှင်းက ခပ်တိုးတိုး ပြောသည်။ သူမမျက်လုံးများက ရန်ငြိးအဆိပ်တို့ဖြင့် ပြည့်နှက်နေကြသည်။ သို့သော် သူမနှုတ်ခမ်းဖျားများက နူးညံ့ချိုသာသော အပြုံးဖြင့် လှည့်စားလို့ ထားသည်။

ကနေ့ ငါတို့ အားလုံး စုရုံးဖို့ ကြော်ငြာတာ တကယ်ပဲ ငါ့ဆရာလား ယင်ယန် မေးလေ၏။

နင်ရှင်း ခေါင်းညိတ်ပြသည်။

သူက လွဲလို့ ဘယ်သူ ဖြစ်နိုင်အုံးမှာလဲ။

ကနေ့ ငါ့ဆရာက ဂျန်ရှီကို ဒဏ်ခတ်မယ်လို့ ဆိုလိုတာလား။

ဒါပေါ့, ဂျန်ရှီက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလို့လဲ၊ သူက ဂူလီရှန်ဆီ သွားပြီး တောင်းပန်ရုံလေးနဲ့ လူဇီမု သေတဲ့ကိစ္စကနေ သူ့ကို ဂူလီရှန် လွှတ်ပေးမယ်လို့ ယုံကြည်နေတာနဲ့ တူတယ်၊ နုံလိုက်တာ နင်ရှင်းက ပျော်ရွှင်ကျေနပ်စွာ ပြောလိုက်သည်။

ယင်ယန်က သူ့အသံကို နှိမ့်လိုက်ပြီး တိုးတိုးလေး ပြောသည် အမကြီးနင်, ဂူလီရှန် ကနေ့ ဂျန်ရှီကို ဒဏ်ခတ်မယ်ဆိုရင်, ငါတို့ စီမံထားတာနဲ့ တလွဲ ဖြစ်မသွားဘူးလား။

နင်ရှင်း ရည်ရွယ်ထားတာက ဂျန်ရှီက နောက်ဆုံးအနေဖြင့် ဖိနှိပ်ခံလိုက်ပြီး သူမဆီ ခယဝပ်တွားဖို့ လာလိမ့်မည်။ ဒါက သူမအတွက် ဂျန်ရှီကို လက်ခံသိမ်းသွင်းပြီး သူမလက်အောက်ခံအနေဖြင့် ထားဖို့ အခွင့်အရေး ဖြစ်လိမ့်မည်။ သို့သော် ဂျန်ရှီ ကနေ့ ဒီမှာ အသတ်ခံလိုက်ရလျှင်.... သူမ၏ စီမံကိန်းမှန်သမျှ အမှုန်အမွှားပမာ ပြိုကွဲ ပျက်စီးသွားလိမ့်မည်။

နင်ရှင်းက မပူပန်ပေ။ သူမက လှောင်ပြောင်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူမက သူမ၏ ရင်သားထွားထွားအပေါ်မှာ လက်ပိုက်ထား၍ ပြောသည် ဂူလီရှန်က သူ့တပည့်တွေကို ကာကွယ်လွန်းတတ်ပေမဲ့, သူ့လက်တွေ သွေးစွန်းမှာကိုတော့ သူ နှစ်သက်တတ်သူ မဟုတ်ဘူး၊ ဒါ့ကြောင့်ပဲ လီဇီမုအတွက် လက်စားခြေပေးဖို့ ဒီလောက် အားစိုက်ထုတ်ပြီး လူတွေ စုဝေးခိုင်းလိုက်တာပေါ့၊ ဒါပေမဲ့ ဒါက ဂျန်ရှီ အသတ်မခံရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး၊ သူသာ ဂျန်ရှီကို တကယ် သေစေချင်ရင်, တခြားနည်းလမ်းကို အသုံးပြုရင် ပို လွယ်ကူသွားမှာပေါ့၊ သူက ဂျန်ရှီကို လေညင်းကျောင်းတော်ကနေ နှင်မထုတ်ခင် ပြင်းပြင်းထန်ထန် တင်းတင်းမာမာနဲ့ ပြစ်တင်ဆုံးမတာလောက်ပဲ အများဆုံး လုပ်လိမ့်မယ်၊ ဒါပေမဲ့....

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя