၅၃၉။ ချန်လင်းမြို့ - ၂

Start from the beginning
                                    

ဒီစီမံပေးချက်က အားနည်းပြီး ချစ်စရာကောင်းသော အမွှေးပွ တိရစ္ဆာန်နှစ်ကောက်အတွက်လည်း ပါဝင်သည်။ သူတို့လည်း စိုးရိမ်ပူပန်မှုမရှိ လွတ်လွတ်ကျွတ်ကျွတ် လှည့်ပတ်သွားလာနိုင်သည်။ သူတို့က ရထားလုံးထဲတွင် အလိုရှိသလို နေထိုင်နိုင်သည်။ သူတို့ မျက်နှာ အမူအရာက အလွန်ပင် သာယာ ချမ်းမြေ့နေပုံရသည်။

တလှုပ်လှုပ် မောင်းနှင်လာသော ရထားလုံးက နောက်ဆုံးတွင် ချန်လင်းမြို့သို့ ရောက်ရှိလာသည်။

သူတို့က နေ့လည်စာ အမီ ရောက်ရှိလာကြသည်။ လမ်းများက လူများဖြင့် ပြည့်နှက်နေသည်။ လေညင်းကျောင်းတော်ဝတ်စုံဖြင့် လူငယ်များစွာက သူတို့ ကျောပြင်များတွင် သေးသေးကြီးကြီး အိတ်များကို သယ်ပိုးလျက် မပင်မပန်း လူအုပ်ကြီးကြားတွင် သွားလာ လှည့်ပတ်နေကြသည်။

လေညင်းကျောင်းတော် ကျောင်းသားများမှာ မချို့တဲ့တာက ငွေကြေးပင် ဖြစ်သည်။

ရထားမောင်းသမားက သူ့ခရီးသည် နှစ်ယောက်ကို ဖန်ဂျင် ကြိုတင်စီမံပေးထားသော တည်းခိုခန်း တံခါးပေါက်ရှေ့မှာ ရပ်တန့်ပေးသည်။ ခရီးသည်နှစ်ယောက် ဆင်းသွားလျှင် ရထားမောင်းသမားက တစ်နေရာမှာ အနားယူဖို့ မောင်းထွက်သွားသည်။

လူများက တချို့က သူတို့ ကိုယ်ပိုင် ကိစ္စဖြင့် တက်ကြွလှုပ်ရှားနေကြသည်။ တချို့က စီးပွားရေးကိစ္စမှာ ရုန်းကန်းလှုပ်ရှားနေကြသည်။ ၎င်းအုတ်အုတ်ကြက်ကြက် လူများကို ဖန်ဇို ပထမဆုံးအနေဖြင့် မြင်ဖူးခြင်းပင်။ လမ်း၏ တစ်ဖက်တစ်ချက်တွင် ဈေးသည်များက သူတို့ ရောင်းကုန်များကို အော်ဟစ် ရောင်းချနေကြသည်။ နေ့ခင်းဘက်ပင် ဖြစ်သော်ငြား ပွဲတော်တစ်ခုပမာ လက်ဆွဲမီးအိမ်များက အုပ်မိုးနေသည်။ လူအုပ်ကြီးကို ကြည့်ပြီး ဖန်ဇို့မျက်လုံးများက အံ့ဩသဖြင့် တောက်ပလာသည်။

သူတို့နှစ်ယောက်က သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားကြသည်။ လေညင်းကျောင်းတော်၏ ဝတ်စုံကို ဝတ်ဆင်ထားကြသော လူငယ်များနှင့် နှိုင်းယှဉ်လျှင် သူတို့က ပေါ်လွင်ထင်ရှားမှု အနည်းဆုံး လူများ ဖြစ်ကြသည်။

ဖန်ဇိုက မြင်ကွင်းတစ်ခုလုံးကို အားပါးတရ ကြည့်ပြီးနောက် ဂျန်ရှီနှင့် အတူ တည်းခိုအိမ်သို့ လှမ်းဝင်လိုက်သည်။

သူ မြင်ရသည့် မတူကွဲပြားသော မြင်ကွင်းကို ကျင့်သားရအောင် မလုပ်နိုင်ခင်မှာပင်, တည်းခိုအိမ်အတွင်းမှ အမိုးပွင့်မတတ် အော်ဟစ်ပြောဆိုသံ ထွက်ပေါ်လာလေ၏။

ဘယ်လို ဟာသလဲ... အရင်လာတဲ့သူက အရင် အသုံးပြုရမယ်၊ ဒါကို မင်း နားမလည်ဘူးလား၊ ငါတို့က ကြိုတင် မှာထားတာ၊ ဘာလို့ ငါတို့က မင်းကို ပေးရမှာလဲ။ ရင်းနှီးနေကျ အသံက တည်းခိုအိမ်အတွင်း ဟိန်းထွက်လာသည်။ ဖန်ဇို့ဘေးသို့ ဂျန်ဝုရှီ လျှောက်လှမ်းလာရင်း သူမ မျက်လုံးများ အနည်းငယ် ပင့်တက်သွားသည်။

မြေညီထပ် ဟောခန်းမအတွင်းမှာ လူငယ်အချို့က နှစ်အုပ်စု ကွဲထွက်နေကာ ငြင်းခုန်ကာ စကားများနေကြသည်။

အုပ်စုတစ်ခုမှ လူငယ်များက လေညင်းကျောင်းတော် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့ မေးစေ့များ မော့ထားကြပြီး အလွန် မာန်ထောင်နေပုံ ပေါက်နေသည်။

တခြားတစ်ဖက်မှာတော့ လူငယ်သုံးယောက်နှင့် မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူတို့က အတော်ငယ်၍ ချောမောကြသည်။ တစ်ယောက်က ထိုင်ခုံပေါ်တွင် ခြေတစ်ဖက် တင်ထား၍ ဒုတိယထပ်သို့ တက်ရောက်မည့် လှေခါးကို ဗြောင်တင်ပင် ပိတ်ဆို့ထားသည်။

ဟောခန်းမအတွင်းရှိ တခြားဧည့်သည်များက စကားများ ရန်ဖြစ်မှာကို မျှော်လင့်စောင့်စားနေကြသည်။ ပိုင်ရှင်နှင့် လက်ထောက်က စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ သူတို့ ရှေ့ထွက်၍ တစ်စုံတရာကို ပြောချင်ကြသော်လည်း မည်သည့် အဆောတလျင် ကိစ္စကိုမျှ မလှုပ်ရှားရဲကြချေ။

လေညင်းကျောင်းတော် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရှေ့ထွက်လာ၍ သူတို့ လမ်းကို ပိတ်ဆို့ထားသော လူငယ်ကို လှောင်ပြောင် ရယ်မောသည်။

ခွေးလိမ်မာတွေဆိုတာ လူသွားလမ်းကို မပိတ်ဆို့ မနှောင့်ယှက်ရဘူးလေ၊ အရင်ရောက်တဲ့ လူ အရင် အသုံးပြုဆိုတာ သဘာဝမကျဘူးကွ၊ တည်းခိုခန်းဆိုတာ စီးပွားရေး လုပ်နေတဲ့ နေရာ၊ သူတို့က အဖိုးအခ ဘယ်သူ တတ်နိုင် တတ်နိုင်, တတ်နိုင်တဲ့လူကိုပဲ ပေးရမှာပေါ့၊ မင်းက ဒါကို မတရားဘူးလို့ ထင်ရင်, မင်း ပျော်ပျော်ကြီး ငါတို့နဲ့ အတူ ဈေးပြိုင်ပေးနိုင်တယ်၊ မင်း မတတ်နိုင်ဘူးဆိုရင်, မင်းတို့ ဟောင်လို့ ရတဲ့ နေရာကိုသာ သွားလိုက်ကြတော့...

ပါရမီရှင်သမားတော်(၂)Where stories live. Discover now