62.zgi

419 7 0
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(62) တွေ့တွေ့ခြင်းဆောက်နဲ့ထွင်း🚨🚨🚨

"ရန်ရန် ကိုယ်တို့အပြင်မှာတကယ်တွေ့ကြရတော့မယ် မင်းရဲ့အဖေကိစ္စအတွက် ကိုယ့်ကိုအပြစ်မတင်ဖို့မျော်လင့်မိပါတယ် "

ချီဖောက်ပြန်မူ့က သူမကြောင့်သက်သာခဲ့ပေမဲ့ ဒီဖက်ခေတ်ကိုရောက်တော့သူ့ရဲ့ချီဖောက်ပြန်မူ့က ဟိုဖက်မှာထက် နှစ်ဆပြင်းထန်‌လာတော့တယ်

အဲ့ဒါကြောင့် အရေးပေါ်အကူအညီတွေလိုခဲ့ပေမဲ့ သူကိုဘယ်သူကမှတကယ်မကူညီပေးနိုင်ခဲ့ဘူး

ဆရာပေါင်းများစွာ သမားတော်ပေါင်းများစွာ ပင့်ဖိတ်ကုသခဲ့ပေမဲ့ ဘယ်တော့မှမသက်လာခဲ့ဘူး

အဲ့ဒါကြောင့် ဟော်ရုံကျွင်းက ပေါက်ကွဲလာမဲ့ရက်အထိနာကျင်မူ့ကိုကျိတ်မှိတ်သီးခံရုံကလွဲပြီးတခြားလုပ်နိုင်တာဘာမှမရှိခဲ့ဘူး အစကတော့ သူနာကျင်ခြင်းက တလလုံးကြာရှည်တတ်ကာ နောက်ဆုံးရက်မှပေါက်ကွဲလေ့ရှိတယ်

ဒါပေမဲ့ အချိန်ကြာလာလေ ရက်တိုလာလေပဲ အခုဆို သူက လေးငါးရက်မှာတခါ ချီစွမ်းအင်အဆိပ်သင့်တာကပေါက်ကွဲလာတယ်

အဲ့အချိန်တိုင်းသူက လူသူမရှိတဲ့နေရာကိုသွားဖို့လိုပြီး အဲ့နေရာကအမြဲတမ်းအဆိပ်သင့်နယ်မြေဖြစ်သွားတတ်တယ်

ဒါကြောင့် သူလုပ်စရာရှိတာက သူမကိုစောင့်နေရုံပဲ

ဟော်ရုံကျွင်း သူ့ရဲ့နေ့ရက်တွေကိုခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့အချိန်  လင်းယုရန်မှာတော့ အိပ်ရာထဲအသေကောင်လိုအိပ်နေဆဲပဲ ဝိုးတဝါးအဖြစ်နဲ့စကားသံတွေကြားရပေမဲ့ သူမ အိပ်ချင်လွန်းလို့ခေါင်းမထောင်နိုင်ဘူး

နဂါးတွေကပြောတာတော့

အဲ့ဒါက သူ့ကိုမတွေ့လို့တဲ့

သူ့ဆီကချီစွမ်းအင်ကိုအမြဲလက်ခံနေရတာအကျင့်ဖြစ်နေခဲ့ပြီး အခုခေတ်သစ်ရောက်တော့ သူမရရှိခဲ့တဲ့ချီစွမ်းအင်တွေက တဖြေးဖြေးလျော့ပါးလာပြီး အလကားနေရင်းပင်ပန်းနေတယ် မောပန်းနေတယ် အိပ်ချင်နေတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now