61.

1.3K 79 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကို‌ဗီလိန်မအဖြစ်ကူးပြောင်းသွားျယ်

အပိုင်း(61) သူမပြန်၍ ကူးပြောင်းလာတယ်

"သခင်! "

"ရန်ရန်ဘယ်လိုလဲ"

"ဆေးရုံမှာပဲ ကောင်းကောင်းအနားယူနေပါတယ် "

"ဒီတခါရော ဘယ်လိုလဲ"

"အားလုံးကောင်းပါတယ် မှတ်ဉာဏ်တွေရော စွမ်းအင်တွေရော နောက်ဆုံး နဂါးတွေအထိပါ"

"သိပြီ  ရန်ရန်ကိုခေါ်လာခဲ့တော့"

"ဟုတ်ကဲ့"

မနေ့ညက ဟော်ရုံကျွင်း သူ့ရဲ့ခန္ဒာကိုယ်က ပြန်ပြည့်စုံသွားကာ သူ့ရဲ့အင်အားတွေတန်ခိုးစွမ်းအားတွေလဲ ပြန်ရောက်လာတာကိုခံစားလိုက်ရတယ်

ဟော်ရုံကျွင်းက ဟော်မိသားစုရဲ့အကြီးဆုံးသခင်ကြီးဖြစ်လေတယ်

သူ့ဘဝမှာ ဘာချို့ယွင်းချက်မှမရှိပဲ ကောင်းမွန်စွာကြီးပြင်းလာလို့ ပျင်းစရာတောင်ကောင်းနေခဲ့တယ်

လောကကြီးရဲ့ညစ်ပတ်တဲ့ဘက်ခြမ်းထဲမှာမြေခွေးတကောင်လိုလည်ပတ်ပြီး အရာအားလုံးကိုသူ့အောက်ဖိထားနိုင်ကာ လှည့်ကွက်‌တွေအားလုံးက သူ့အတွက်တော့ ကစားစရာကလေးအကွက်တွေပဲ

အဲ့လိုမြေခွေးအိုကြီးဖြစ်ခဲ့တဲ့ဟော်ရုံကျွင်းက သူ့ဘဝမှာ အကြီးမားဆုံးအပြောင်းအလဲကို သတိပေးခံရခြင်းမရှိပဲ ကြုံတွေ့လိုက်ရတော့တယ်

အဲ့ဒါက မိန်းကလေးတစ်ယောက်ကစတာပဲ

တနေ့ မထင်မှတ်ပဲ မီးပိ္ွုင့်မိနေစဉ်မှာ ချိုသာတဲ့မျက်နှာပိုင်ရှင်မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့တယ်

အဲ့မိန်းကလေးက အဘွားအိုတစ်ယောက်ကို လမ်းကူးဖို့ကူညီနေတာဖြစ်ပြီးတော့ လောကအပေါ်အကောင်းမြင်စိတ်လဲရှိတဲ့ပုံရတယ်

ခနတဖြုတ်ကြုံခဲ့ရပေမဲ့ ပြုံးနေခဲ့တဲ့အဲ့မိန်းကလေးရဲ့မျက်နှာထားဟာဖြူစင်လွန်းလို့ ရက်အတော်ကြာမမေ့သွားခဲ့ဘူး

ဟော်မိသားစုရဲ့တချို့အကြီးအကဲတွေကသူ့ကိုဖြုတ်ချချင်ခဲ့ကြပြီး သူ့ရဲ့‌တော်တတ်မူ့ကြောင့်ဟော်ရူံကျွင်းက မကြာခနလုပ်ကြံခံရတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Dove le storie prendono vita. Scoprilo ora