37.uni

1.9K 116 4
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းလာတယ်

အပိုင်း(37)

"ချီးးးးးးးးးး ဒါကတရားလား ဟမ် ငါဖတ်ဖူးသမျှficတွေထဲမှာ ကူးပြောင်းသူတွေက ဒီမှာသေမှ ဟိုကိုပြန်ရောက်တာလေ ဘာလို့လဲ ငါ့ကျမှှဒီမှာလာ‌ေသရမှာလဲ ဘာလို့လဲလို့....... "

လောကကြီးကို ဇတ်လိုက်သံသယမဝင်ခင် သူမ အရင်သံသယဝင်လာပြီ

ဇတ်လိုက်မရူးခင်သူမအရင်ရူးမှာပဲ

ချီးးးးး

စွကျိုးနဲ စာရေးသူ ဓားနဲ့အပိုင်းပိုင်းခုတ်ထစ်ပြီး နုတ်နုတ်စင်းပစ်လိုက်ချင်တယ်

"အဲ့ဒါကြောင့် ခုနောက်ပိုင်း မင်းရလာသမျှချီတွေကို ကျင့်ကြံဆင့်ထဲပေါင်းမထည့်တော့ပဲ မင်းရဲ့အလှအပထဲကိုပဲပေါင်းထည့်ပေးလိုက်တော့မယ် ပိုလှလာလေ သစ္စာဖောက်ဖို့ပိုအခွင့်အရေးရလာလေပေါ့ မဟုတ်ဘူးလား"

"............"

သူမ မျက်ဆံပဲလှန်ပြလိုက်တော့တယ်

ဘာမှကိုဆက်မပြောချင်တော့တာ

ရှင်သန်ရေးနဲ့အချစ်ရေးယှဉ်လာရင်လူတိုင်းကရှင်သန်ရေးကိုပဲပိုဦးစားပေးကြမှာသေချာပါတယ်

အဲ့ဒါက ဦးနှောက်နဲ့စဉ်းစားတတ်တဲ့မိန်းကလေးမျိုးဆိုရင်ပေါ့နော်

အချစ်ကြောင့်မျက်ကန်းဖြစ်ပြီး လုံးဝကိုရူးနေတဲ့ဆိုက်ကိုတွေကိုတော့မပြောပါဘူး

ဒါပေမဲ့လဲ ဇတ်လိုက်ကိုသစ္စာဖောက်ဖို့ဆိုတာက အပြော လွယ်သလောက် အလုပ်ကသိပ်ခက်သကိုးးးး

"အားးး ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး အရင်ဆုံးမီးစင်ကြည့်ကလိုက်ဦးမယ် "

နဂါးတွေသဘောတူလိုက်ပြီးနောက် လင်းယုရန်လဲ ကုတင်ပေါ်မှာမျက်လုံးပြန်ပွင့်လာတယ်

အခုလေးတင်ဆွေးနွေးလာတဲ့အကြောင်းအရာက သူမကိုရင်လေးစေတယ်

သူမဘာဖြစ်နေတာလဲ

တကယ်ဆို ဒိမစ်ရှင်ကအရမ်းကိုလွယ်တာ

ဇတ်လိုက်ကိုသစ္စာဖောက်ဖို့ကသိပ်ကိုလွယ်တဲ့ကိစ္စပဲ သူ့ကိုအသိတရားဝင်အောင်လုပ်တာကလဲ ထမင်းစားရေသောက်လောက်တောင်မခက်ဘူး ထမင်းစားပြီးရေသောက်ရင်တောင် သီးမှာစိုးရဦးမယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Tahanan ng mga kuwento. Tumuklas ngayon