Ch.3.uni&zgi

4.3K 258 14
                                    

🌿ငါလေးကခွေး‌ေသွးပက်စာအုပ်ထဲကို‌ဗီလိန်အဖြစ်‌ကူးပြောင်းသွားတယ်

အပိုင်း(3) တံဆိပ်ပြားလှန်ခံလိုက်ရတဲ့လင်းယုရန်

သူမက ရိုးရိုးတန်းတန်းဇတ်ဝင်ခန်းမှာ အရိုးဆုံးဇတ်ကွက်နဲ့ သေပွဲဝင်ရမဲ့ ဗီလိန်မလေးပါပဲ

ဒါပေါ့ ဗီလိန်တို့ရဲ့ထုံးစံအတိုင်းပဲ

သူမက မင်းကြီးကိုအချစ်လွန်ပြီးမုန်း

အမုန်းလွန်ပြီး သတ်

တကယ်တမ်းကျတော့ မလုပ်ရက်

အဲ့ဒါနဲ့ပဲ သေပွဲဝင်ရှာလေသတည်းပေါ့

ဟိုကတော့ ရှိတယ်လို့တောင်မှတ်တာမဟုတ်ဘူး

သူ့ကိုကာကွယ်ပေးလို့သေရတာကို လာစင်တဲ့သွေးကိုတောင်ရွံပြလိုက်သေး

ကြည့်ရတာ သူလဲသိနေတယ်ထင်တာပဲ

ဒါကြောင့်လဲ အမည်တောင်မတပ်ပဲ အစေခံတွေရဲ့ခြံဝင်းမှာ သနားစဖွယ်လေးပဲ အမြုတ်ခံလိုက်ရပြီး အဆုံးသတ်သွားလေတယ်

အဲ့လို ဆိုးဝါးတဲ့ဇတ်ရုပ်လေးအဖြစ်ကူးပြောင်းလာတဲ့သူမရဲ့ကံဆိုးမူ့ကကုန်ပြီလုိ့ထင်သလား ဟင့်အင်း မထင်လိုက်နဲ့နော် ထပ်ရှိနေသေးတယ်

သိလား ထပ်ပြီးတော့ရှိနေသေးတယ်

ကျင့်ကြံခြင်းလောကတဲ့

ကျင့် ! ကြံ ! ခြင်း !

ဒီသုံးလုံးကိုနားလည်လား

ကျင့်ကြံခြင်းလောကထဲမှာ အားနည်းတဲ့သူကမြက်ပင်ပဲဖြစ်နေမှာ သူများတွေတက်နင်းတာခံဖို့

သိလား သူများတက်နင်းတာခံရဖို့လေ

သူမဆီမှာ ကျင့်ကြံခြင်းတခုမှမရှိသေးတဲ့အပြင် အားးးးးး‌ရေနွေးအိုးလိုမျှဝေလို့ရတဲ့ခန္ဒာကိုယ်နဲ့မွေးဖွားလာတယ်တဲ့

ငိုချင်ရင်တောင် မျက်ရည်ကထွက်မလာတော့ဘူး

မျက်လုံးထဲပင်လယ်တခုလုံးထည့်ထားရင်တောင် ငိုလို့မရတဲ့အဖြစ်ပါပဲ

ဘာဖြစ်လို့လဲဆိုတော့ သူမကိုလာဆက်နွယ်တဲ့သူတိုင်းက ကျင့်ကြံဆင့်မြင့်မားသွားကြပေမဲ့ သူမကတော့ ကျင့်ကြံမူ့ ပိစိညှောင့်တောက်လေးနဲ့ပဲကျန်ခဲ့ရမှာလေ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now