32.uni

2.6K 144 0
                                    


ငါလေးကခွေး‌ေ‌သွးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းလာတယ်

အပိုင်း(32) လင်းယုရန်ရဲ့ပြောင်းလဲမူ့(1)

အဲ့‌ေတာ့မှ လင်းယုရန်ဆိုတဲ့အမျိုးသမီးလေးဟာ သူနဲ့မတူတဲ့ကမ္ဘာမှာနေတယ်ဆိုတာကိုသိလိုက်ရတေ့ာတယ်

သူ အရာရာကို အံဩသင့်ကာ စိုးရိမ်နေဆဲမှာပဲ  အပြာရောင်ဝတ်စုံကိုအဖြူရောင်ဝတ်ရုံလေးထပ်လို့ ဆံပင်ကိုခပ်မြင့်မြင့်စီးထားတဲ့လင်းယုရန်က သူမရဲ့သူငယ်ချင်းတွေနဲ့အတူ စကားပြောရင်းရယ်မောရင်းထွက်လာကြတာကိုတွေ့လိုက်ရတယ်

သူမပုံစံက လွပ်လပ်ပေါ့ပါးပြီး စိုးရိမ်မူ့ကင်းမဲ့နေကာ မျက်နှာလေးကလဲဝင်းထိန်လို့

တခုပဲရှိတာ အတွင်းဝတ်တွေပဲဝတ်ပြီး အဖြူရောင်အပြင်ဝတ်ကိုလဲ ရင်စေ့ပြီးမဝတ်ထားလို့ သူမရဲ့လည်ပင်းရိုးဖွေးဖွေးလေးနဲ့ ညှပ်ရိုးလှလှလေးကိုအထင်းသားတွေ့နေရတယ်

ဒါက သူနဲ့မကျွမ်းဝင်တဲ့လင်းယုရန်ပဲ

သူဘယ်တော့မှ လင်းယုရန်ရဲ့တက်ကြွတဲ့ပုံစံလေးကိုမမြင်ဖူးဘူး

သူမက လောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားသလိုမျိုး သီးသန့်ဆန်လွန်းတယ်

အေးအေးချမ်းချမ်းနေပြီး တိတ်ဆိတ်နေတတ်တဲ့သူမလေးက သူသာ သတိမပြုမိခဲ့ရင် ဘယ်တော့မှ ဒီကျောက်စိမ်းလေးနဲ့ကျွမ်းဝင်ခွင့်ရတော့မှာမဟုတ်ဘူး

ဖုန်တက်သွားရင်တောင် တိတ်ဆိတ်မူ့ကိုပဲရွေးချယ်မဲ့မိန်းကလေးမျိုးပါ

ဒါပေမဲ့ တခါတရံလဲ သူမလေးရဲ့ဗရမ်းဗတာနိုင်မူ့တွေကသူ့ကိုအသည်းယားစေတာပါပဲ

အဲ့ဒီအခါမှာတော့ ဒိလိုမျိုးတက်ကြွတဲ့လင်းယုရန်ကပြန်ပေါ်လာတတ်ပါတယ်

သူ့အတွေးနဲ့သူရယ်နေမိတုန်း

ဘယ်ကထွက်လာမှန်းမသိတဲ့တီးလုံးသံကြောင့် သူ့မှာ‌ဓားတောင်ထုတ်လိုက်မိတယ်

"ဟဲလို .... "

သူမလေးက အပြားတခုကိုနားမှာကပ်ပြီး ဘယ်သူ့ကိုလဲဦးတည်မနေပဲ တစ်ယောက်ထဲပြောနေတယ် ဘေးနားကအကုန်လုံးကလဲ သူမကိုလှမ်းကြည့်နေကြလို့ သူမလေး အရှက်ကွဲမှာစိုးတဲ့စိတ်ကြောင့် လက်လှမ်းကာသတိပေးဖို့အလုပ်မှာပဲ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Où les histoires vivent. Découvrez maintenant