66.

1.4K 73 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကို‌ဗ္ီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(66)

လင်းယုရန်က သူမရဲ့အမေကိုပြန်ကြည့်လိုက်ပြန်တယ်

သူမမျက်ဝန်းထဲမှာတော့ အသနားခံတဲ့အရိပ်အယောင်တွေကအပြည့်ပဲ

နောက်ဆုံးတော့ အဲ့အကြည့်တွေကမခံနိုင်တဲ့ လင်းမားမားကခေါင်းညိတ်လိုက်ရတော့တယ်

ဒါနဲ့

"နေကြပါဦး နေကြပါဦိး ဘယ်သူက မင်္ဂလာဆောင်မယ်လို့ပြောလို့ ဆွေးနွေးနေကြတာလဲ "

ဟော်ရူံကျွင်း။ ။ "..........."

ဟင်?

လင်းမားမား။ "............"

ဟုတ်သား ဘာလို့အဲ့နားရောက်သွားတာလဲ

ငါ့ဂေါ်ပီထုတ်လေးကိုငါကိုယ်တိုင်ဝက်ကိုကျွေိးမိတော့မလို့

ဒါပေမဲ့ သူမပြန်လာတော့ကြားလိုက်ရတဲ့အော်သံညည်းသံ‌ေတွေက နားကျိန်းပြီး ကြောက်ဖို့ကောင်းကာ ရမ္မက်ဆန်လွန်းလှတယ်

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ဂေါ်ပီထုတ်ကအိုအာနေပြီ အပျိုစင်မဟုတ်တော့ဘူးဆိုတော့လျော့ဈေးနဲ့ပဲရောင်းရရောင်းရ ထွက်သွားဖို့ကအရေးကြီးတယ် ဒါကြောင့်ပဲလင်းမားမားက စိတ်ဆိုးယောင်ဆောင်ကာ စားပွဲကိုလက်ဝါးနဲ့ဗြန်းခနဲရိုက်လိုက်ကာ

"အဲ့ဒါက ဘာစကားလဲ ?  ဟမ် ? ဟို‌ဖက်မှာလဲလင်မယားဖြစ်လာပြီးပြီ ဒီရောက်ကြတော့လဲ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြပြီး လင်မယားအရာလဲမြောက်ကြပြီးပြီ ဒါကို ဘာလို့ရှောင်လွဲချင်နေကြတာလဲ မင်းကရော အန်တီ့သမီးကိုအပျော်ကြံချင်တာလား ရန်ရန်ကရော ‌ဒီကသူငယ်လေးကိုချစ်ရုံနဲ့ ဘဝထဲပေးမဝင်ချင်ပဲ ပေါ့ပေါ့ပျက်ပျက်ဆက်ဆံရေးမျိုး အဲ့လိုတွေးထားတာလား တကယ်ပဲအဲ့လိုပုံစံအဆံုးသတ်ချင်တာလား ရန်ရန် မား သမီးကိုဘယ်လိုဆုံးမထားလဲ ဟမ် သမီးပြောတာကိုသူများတွေကြားရင် ဘယ်လောက်လက်ညိုးထိုးကြမလဲသိရဲ့လား သမီးမိန်းကလေးလေ ဒီလိုပုံစံဆို မားကဘယ်လိုစိတ်ချရမှာလဲ "

"............"

လင်းယုရန်မှာ သူမအမေရဲ့‌ဓာတ်ပြားဟောင်းကြီးကြောင့် ရုတ်တရက် သူမကိုယ်သူမ လူဆိုးမကြီးလို့ခံစားလိုက်ရတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now