28.uni

2.5K 139 0
                                    


ငါလေးက ခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(28) သေတွင်းတူးနေတဲ့လင်းယုရန်(2)

ပြီးတော့ ဟိုဖက်ပြန်ရောက်ရင် ဒီအားတွေပါသွားမယ်လို့လဲ မထင်ပါဘူး

ဟိုအရှုပ်ဆယ့်တကောင်အတွက်ကတော့ ကံတရားအတိုင်းပဲပေါ့

အားလုံးကြားနေရတဲ့နဂါးများ။ ။ "..........."

ဟေးးးး ထိန်းထိန်းသိမ်းသိမ်းလေးတွေးသင့်တယ်နော်

လင်းယုရန်က သူတို့ကိုအဖက်မလုပ်ပဲ ဇတ်လိုက်လက်‌ေမာင်းကိုဖက်ကာ

"လမ်းသွားလျှောက်ရအောင်လေ"

အ‌ဲ့နေ့ကစပြီး လင်းယုရန် အကြောင်းအမျိုးမျိုးပြကာ ဟော်ရုံကျွင်းလာတိုင်း အပြင်ကိုခေါ်ထုတ်သွားလေ့ရှိတယ်

ပြီးရင် ဇတ်လိုက်မနဲ့ မတော်တဆဟန်ဆောင်တွေ့ပြီး ဟော်ရုံကျွင်းကိုထားရစ်ဖို့ အကြောင်းပြချက်အမျိုးမျိုးကိုသုံးလေ့ရှိတယ်

‌ရုတ်တရက်ကြီး‌ဗိုက်နာလာတာမျိုးတို့

တခုခုကျန်ခဲ့တယ်ဆိုတာမျိုးတို့

ဘာလေးစားချင်လိုက်တာလို့ပြောပြီး စားဖိုဆောင်ပြေးတာတို့

ဇတ်ကွက်အကြိမ်ပေါင်းများလာ‌တော့ ဟော်ရုံကျွင်းက ဒေါသထွက်လာသလို မျက်မှောင်လဲကြုတ်နေတယ်

သူတို့ချစ်ကြည့်ကြရအောင်လို့ပြောထားပြီးမှ သူမရဲ့လုပ်ရပ်ကဘာလဲ

သူ့ကိုမလိုချင်တာလား ဒါမှမဟုတ် တွန်းထုတ်နေတာလား

သူ‌ေတွးလေလေပိုပြီးဒေါသထွက်လာလေ

အဲ့လိုနဲ့ လင်းယုရန်က‌သာမသိတာ သူမထွက်သွားပြီးတာနဲ့ အဲ့နားကလေထုက ရေခဲမှတ်ကို‌တန်းရောက်သွားတော့တယ်

ဟော်ရုံကျွင်းကလဲ ဒေါသထွက်ပြီးဘာမှမပြော

ကြာပန်းဖြူဇတ်လိုက်မယင်းယန်ကလဲ ကောင်းကင်ကိုမီးတက်ရှို့လောက်တဲ့အထိ မမိုက်မဲဘူးဆိုတော့ မဲမှောင်နေတဲ့မျက်နှာပိုင်ရှင်ကိုတလုံးမှမပြောရဲ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now