31.uni

2.4K 154 0
                                    

Moe yanant thin 080:
ငါလေးကခွေး‌ေသွးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(31) သူနဲ့မကျွမ်းဝင်တဲ့လင်းယုရန်

အရင်တခေါက်ကလို တူညီတဲ့ကိစ္စရပ်မျိုးမို့ သူ မအံ့ဩပေမဲ့ သူမကမေ့နေတာတောင် သွေးပုလဲကိုဆွဲဆောင်နိုင်‌တုန်းပဲဆိုတာကိုသိလိုက်ရတော့ နဲနဲမျက်ခုံးပင့်လိုက်မိတယ်

သူမက ထူးဆန်းလိုက်တာ

ပြီးတော့ အေးချမ်းနေခဲ့တဲ့သူမက ဘာလို့အခုလို ရုတ်တရက်အခြေအနေဆိုးသွားရလဲဆိုတာ သူလုံးဝနားမလည်တော့တာကြောင့် သူမကို တော်ဝင်သမားတော်ဆီပဲခေါ်သွားလိုက်တော့တယ်

သူမကိုဘယ်လောက်‌တောင်စိတ်ပူနေလဲဆိုရင် သူကဘုရင်ဖြစ်ပြီး ‌တော်ဝင်သမားတော်ကိုလဲ သူ့ဆီဆင့်ခေါ်လို့ရတယ်ဆိုတာကိုပါမေ့သွားတဲ့အထိပဲ

သူမကိုပွေ့ပြီး ဆေးကု‌သဆောင်ထဲရောက်သွားတဲ့ ဘုရင်တပါးကြောင့်အဲ့ဌာနမှာရှိသမျှသမားတော်တွေပါအကုန်အလုပ်ရှုပ်ကုန်တော့တယ်

ဘုရင်ရဲ့အေးစက်စက်အကြည့်မှာ အားလုံးချွေးပြန်နေကြပြီး သူမသာတနာရီအတွင်းသတိမရလာရင် သမားတော်တွေအကုန်မျိုးပြုတ်တော့မဲ့သနားစရာဘဝလေးတွေမို့ သူတို့အားလုံးဟာ လင်းယုရန်ပြန်နေကောင်းလာဖို့ရာကို စိတ်ရင်းနဲ့တောင်းဆုပြုနေကြတယ်

လင်းယုရန်‌ကတော့ သူမရဲ့အိမ်မက်ဆိုးမှာ နစ်‌မြုတ်နေပြီး သူမရဲ့အကြောက်တရားကလဲ တစစကြီးထွားလာခဲ့ပါတယ်

သူမကျရှုံးခဲ့တဲ့အဖြစ်ကိုပဲ ထပ်ခါထပ်ခါပြန်‌မြင်နေပြီး သူမကိုယ်သူမ အတိတ်ကပံုရိပ်တွေကြားထဲမှာပိတ်မိနေတယ်ဆိုတာကိုတောင်သတိမရမသိတော့ပါဘူး

"အ အရှင် မိဘုရားငယ်က သူမရဲ့အကြောက်တရားထဲမှာ နစ်မြုတ်နေပါတယ် အဲ့‌အကြောက်တရားထဲကလွတ်မြောက်အောင် သူမချစ်တဲ့သူ ဒါမှမဟုတ် အရှင်က ပြန်သွားနိုးပေးဖို့လိုပါတယ် "

"အင်း သိပြီ ကျန်းအတွက်ပြင်ဆင်လိုက် "

"အ အရှင် ! "

ရုတ်တရက် သမားတော်တွေအားလုံးငိုချမိတော့မတတ်ဖြစ်သွားကြတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now