အပိုင်း(18)uni&zgi

3.2K 178 4
                                    


ငါလေးကခွေးသွေးပက်စာအုပ်ထဲကို‌ဗ္ီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(18)

"ဘာငေးနေတာလဲ"

"ရှင့်ရဲ့အပြုံးအရမ်းလှလို့"

".........."

"အမြဲပြုံးနေပါလား"

"ဟမ့် "

သူက နှာမှုတ်ကာ လက်နောက်ပစ်ပြီးထွက်ခွာသွားလေတယ်

ဒါပေါ့ သူမလဲ ငရဲမင်းကြီးကို တရားချနိုင်ဖို့ မမျော်လင့်ထားပါဘူး

အဲ့ဒါနဲ့ပဲ မျက်စိရှေ့ကတွေ့တဲ့ပုစွန်လက်လေးတွေကိုပဲထိုင်ကိုက်နေလိုက်တော့တယ်

ဒါကြောင့် သူမကိုကျောခိုင်းလိုက်ပြီးတော့ ထပ်ပြုံးလိုက်ပြန်တဲ့ ငရဲမင်းကြီးရဲ့အပြုံးကိုမမြင်လိုက်ရတော့ဘူးပေါ့

ဒါပေမဲ့လဲ သူမ မမြင်လိုက်တာကမှပိုကောင်းပါတယ်

မဟုတ်ရင် ငရဲမင်းကြီးရဲ့ Oocဖြစ်မူ့ကြောင့် သူမ သေးထွက်အောင်ကြောက်သွားမှာသေချာတယ်

အဲ့လိုနဲ့ ဘာမှမသိတဲ့အစားပုတ်မလေး လင်းယုရန်ဟာ ရှေ့ဖြစ်လာမဲ့ သူမရဲ့ဘေးအန္တရာယ်တွေကိုမသိပဲ အေးအေးဆေးဆေးနဲ့ ‌အစာခြေနေလေတယ်

စားထားသမျှအရာတွေပြန်စမြုံပြန်ရင်းနဲ့ သူမရဲ့နေ့ရက်တွေကတကယ်သာယာပါလားလို့တွေးမိနေတယ်

သူမက သာမာန်အိမ်တွင်းပုန်းမိန်းကလေးဖြစ်ပြီး အလှအပကိုလဲသိပ်ကြိုက်တဲ့သူမဟုတ်ဘူး

ဒါကြောင့်ပဲ ဖြူနီပြာဝါရောင်စုံခြယ်ထားတဲ့တခြားမိဘုရားတွေထက်စာရင် ဘာမှခြယ်သမထားတဲ့သူမရဲ့ အပြစ်ကင်းစင်တဲ့အလှကထင်းထွက်နေတော့တယ်

ဒါပေါ့ လင်းယုရန်ကတော့ သူမရဲ့ပင်ကိုယ်မျက်နှာ မျက်လုံးပြူးပြူး မျက်ကွင်းညိုညို ဆံပင်ကောက်ကောက်တွေကိုပဲသဘောကျတယ်

မျက်လုံးပြူးမျက်ကွင်းညိုအောင်မနဲကြည့်ထားရတဲ့ဇတ်ကားပေါင်းများစွာ fic ပေါင်းများစွာနဲ့တော်ထားရတဲ့လင်ပေါင်းများစွာ

အားးးးး ပြောရင်းနဲ့ငါ့ရဲ့ယောကျာ်းတွေကိုတောင်လွမ်းလာပြီ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now