69.

1.3K 65 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(69) ကယ်တင်ခံရမဲ့သူကဘယ်သူလဲ?

"ပါးစပ်ပိတ်ထား အဲ့ဒါကို နောက်ထပ်ဘယ်တော့မပြောနဲ့ "

"စိတ်လျေိာ့ပါသခင် စိတ်လျော့ပါ ထပ်မပြောတော့ပါဘူး"

အထဲကလူတွေကတော့ စကားပြောကောင်းနေဆဲ လင်းယုရန်ကတော့ တိတ်တဆိတ်နဲ့ထွက်ခွာသွားလေတယ်

ဒိီတခါ သူမ သူ့ကိုကာကွယ်ပေးချင်တယ် အဲ့ဒါက ဘာပဲဖြစ်ဖြစ် သူမကျိန်းသေပေါက်ကျော်ဖြတ်ပေးမယ်

အတွေးပေါင်းများစွာနဲ့ လမ်းပျောက်နေတဲ့ လင်းယုရန်က နောက်ဆုံးတော့ တံခါးပေါက်နဲ့သူမကြားမှာ ကိုယ်ရံတော်ကို အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့လေတယ်

ကိုယ်ရံတော်မှာ လက်မြောက်ပြိးလဲမရုန်းနိုင် ရိုက်ဖို့ကျတော့လဲ မဝံ့မရဲနဲ့  အပိတ်ပဲခံလိုက်ရတော့တယ်

လင်းယုရန်က လူဆိုးတစ်ယောက်လိုမျက်နှာသေကြီးကိုတပ်ဆင်ထားပြီး

"ပြော နောက်ထပ်နည်းလမ်းတခုကဘာလဲ ? "

"ဟမ်?"

"နောက်ထပ်နည်းလမ်းတခုကဘာလဲလို့မေးနေတာလေ"

"အာ အဲ့ဒါက "

"ဘာလဲ ပြောပြလို့မဖြစ်ဘူးပေါ့ ငါတို့အားလုံးကိုထားခဲ့ပြီး သူသေသွားတာက‌ျတော့ရတယ်ပေါ့ဟုတ်လား အတိအကျပြောစမ်းပါ သူဘာလုပ်ချင်နေတာလဲ?"

"အာ အဲ့ အဲ့ဒါက "

"ဘာတွေစကားလာထစ်နေတာလဲ ရှင်ကအရိပ်တပ်သားဆိုတာကျွန်မ မသိဘူးများမှတ်နေလား ပြော သူဘာလုပ်ချင်နေတာလဲ ဒါမှမဟုတ် ရှင့်သခင်ကို တကယ်ကြီးပေးသေမလို့လား"

"......"

.......

ဟော်ရံကျွင်းက  လင်းယုရန်ပါးကိုခပ်ဖြေးဖြေးနဲ့ဖွဖွလေး နမ်းရှိုက်လိုက်ပြီးနောက် ထွက်သွားခဲ့တယ်

ဒ‌ါပေမဲ့ ဟော်ရုံကျွင်း မသိလိုက်တာက လင်းယုရန်ဟာလဲ သူတံခါးပိတ်သွားပြီးတဲ့နောက် မျက်လုံးတွေဟာ အိပ်နေတဲ့အရိပ်အယောင်မရှိပဲ ကြည်ကြည်လင်လင်နဲ့ဖွင့်ကြည့်လာတယ်ဆိုတာပါပဲ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now