Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်အပိုင်း(34) နိုးထလာခြင်း
ဒီလိုမျိုး သူနဲ့မတူတဲ့နေရာတခုကိုရောက်လာတာကတင်သူ့ကိုစိတ်ရှုပ်စေပြီးပြီ အခုလိုသူမရဲ့စကားတွေထူးဆန်းလာတော့ သူပိုပြီးစိတ်ရှုပ်ထွေးလာခဲ့တယ်
မဟုတ်သေးဘူး အခုအချိန်က သူတွေးနေရမဲ့အချိန်မဟုတ်ဘူး သူမကိုဒီနေရာကနေဆွဲထုတ်ရမဲ့အချိန်ပဲ
"ယုရန် တွေးနေတာကိုရပ်တော့ ကိုယ်တို့မှာအချိန်မရှိတော့ဘူး ကိုယ်မင်းကိုဒီနေရာကဆွဲထုတ်ပေးဖို့လာခဲ့တာ မင်းစိတ်ကူးယဉ်နေတာကိုရပ်လိုက်တော့"
ဟော်ရုံကျွင်းဘဝမှာ မိန်းမတစ်ယောက်နဲ့ပတ်သတ်ပြီး ဒီလောက်ထိ
လိုက်ပူပန်စိုးရိမ်နေရလိမ့်မယ်လို့လုံးဝမတွေးခဲ့ဖူးဘူးအခုလိုစိတ်ရှည်နေရမယ်လို့လဲ အိမ်မက်တောင်မမက်ခဲ့ဖူးဘူး
အခုတော့ သူမကြောင့် အသစ်များစွာကိုသင်ယူလိုက်ရတာတွေလဲအများကြီးပဲ
အခုလဲသူမကိုသူအရမ်းစိုးရိမ်နေရပြန်ပြီ
"ယုရန် ! "
သူ အော်ရင်းဟစ်ရင်း သူမလက်မောင်းကိုဆွဲရမ်းလိုက်တယ်
"အသိဝင်ပါတော့ မင်းနေနေတာက မင်းကိုယ်တိုင်တည်ဆောက်ထားတဲ့စိတ်ကူးယဉ်နေရာပဲ ထွက်လာပါတော့ ကိုယ့်ကိုကြည့်ဦး မင်းမရှိပဲ ကိုယ်ဘယ်လိုနေရမှာလဲ "
အာ နောက်ဆုံးအကြောင်းကတော့ နဲနဲ မဟုတ်သေးသလိုပဲ
ထားလိုက်ပါတော့ ပြောပြီးမှတော့ အဓိအကြောင်းအရာစီကိုပဲသွားလိုက်ကြစို့
အဲ့လိုနဲ့ ဟော်ရုံကျွင်းက သူအတွက် သူမဘယ်လို လိုအပ်နေသလဲဆိုတာကို တခုချင်းစီပြောတော့တယ်
"ကိုယ့်ရဲ့ချီဖောက်ပြန်မူ့အတွက်မင်းလိုတယ်လေ "
"အာ ကိုယ်က တခြားမိန်းမတွေနဲ့မအိပ်နိုင်ဘူး"
"သူတို့သေသွားကြလို့"
"မင်းအတွက်ဟင်းကောင်းကောင်းတွေနေ့တိုင်းကျွေးမယ်လေ"
![](https://img.wattpad.com/cover/322485476-288-k788047.jpg)
YOU ARE READING
(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)
Historical Fictionown creation mature content normal love by alinkar nang 🌿 ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် intro.... ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် ပြီးတော့ ဇတ်လိုက်ရဲ့မောင်းမဆောင်ထဲကတစ်ယောက်ဖြစ်လာခဲ့တယ် ပ...