အပိုင်း(8)uni&zgi

4K 189 3
                                    


ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(8) သူက ? သူမ မရှိပဲမနေနိုင်ဘူးတဲ့လား? အမလေး !  ဒါကရော ဘယ်လိုဟာသလဲ ?

အဲ့နောက်ပိုင်း လင်းယုရန် သတိပြန်လည်လာဖို့ သုံးရက်လောက်ကြာသွားခဲ့ပြီး သူမသတိရတော့လဲ အပြင်မထွက်ပဲ သူမရဲ့တည်ရှိမူ့ကိုသတိမရတော့အောင် တိတ်တဆိတ်နေခဲ့တယ်

နေ့တိုင်းဒဏ်ရာရနေသလိုလုပ်ပြနေပြီး တစ်ယောက်သောသူရဲ့အာရုံထဲက တိတ်တိတ်လေးထွက်သွားအောင်လုပ်နေတာပေါ့

ဒါပေမဲ့လဲ ဘယ်သူသိမလဲ တညမှာ ငရဲမင်းက သူမရှေ့ရောက်လာပြီးတော့ ပြောလာတာက

သူမက သူ့ကို‌ေဆးခတ်တယ်တဲ့လေ

ဟားးဟားး ဘယ်လိုစွကျိုးနဲတဲ့ဟာသလဲ?

သူမကိုယ်သူမတောင် မထနိုင်တာကို သူ့ကိုမတွေ့ချင်တာကို သူမကသူ့ကိုဆေးခတ်ရဦးမတဲ့လား

သူမလည်ပင်းကိုလာညစ်ထားတဲ့သူ့လက်ကသန်မာလွန်းတာမို့ သူမသေလုနီးပါးပဲ

"မင်းက ကျန်းကိုဆေးခတ်ရဲတယ်လား ဘယ်လိုတောင် အတင့်ရဲနေရတာလဲ ဟမ် ? "

"အ အရှင် ကျွန် ကျွန်တော်မျိုးမ ဆေး ဆေးခတ်တယ်ဆိုတာ ဘယ် လိုဖြစ် နိုင်မှာလဲ တကယ်လို့ အဲ့ဒါ အမှန်ဆိုရင် အရှင် အခုအချိန်အထိ အသက်ရှင် နေပါ့ မလား "

သူမ ပြောလေ သူ့လက်ကပိုကျပ်လေပဲ

သူမ အသက်ရှူကျပ်လာပြီး မျက်လုံးတွေပြာလာကာ မျက်‌နှာတွေနီလာပြီး အသက်ရှူရပ်ခါနီးမှ သူမကိုလွတ်ပေးလေတယ်

အဆုတ်ကလေပြတ်လပ်မူ့ကြောင့် သူမအသက်ကိုအငမ်းမရရှူချင်း ချောင်းတွေလဲတဟွတ်ဟွတ်နဲ့ဆိုးနေခဲ့တယ်

ဆိုက်ကိုရုံကျွင်းဆိုတဲ့အတိုင်း ‌စွရူးပဲ

ဘာမှမဆိုင်ပဲ သူမကိုလာစွပ်စွဲနေတယ်

"ပြောစမ်း မင်းကုိယ်‌ေတာ်ကိုဘာလုပ်ထားတာလဲ တခြားမိန်းမတွေနားသွားရင် ကိုယ်တော်ရဲ့ချီတွေဗရမ်းဗတာဖြစ်နေတယ် "

သူမ မျက်ဆံလိမ့်လိုက်တယ်

သူချီဖောက်ပြန်တာကိုတော့ဖုံးကွယ်ထားပြီး သူမကိုတော့လာပြီး အပြစ်တင်နေလိုက်သေးတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now