33.uni

2.6K 157 0
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကို‌ဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(33) လင်းယုရန်ရဲ့ပြောင်းလဲမူ(2)

အတွေးနဲ့ဖျတ်ခနဲရောက်သွားတော့ သူမရဲ့မျက်နှာပေါ်မှာသွေးတို့စွန်းထင်းနေပြီး သူမကတော့ မျက်ဆံရွေ့လျားမူ့မရှိတောင့်တင်းနေလေတယ်

ကုတင်ပေါ်ကယောကျာ်းကြီးဟာလဲ အသက်ရှိတဲ့လက္ခဏာလုံးဝမရှိတော့ပဲ နှလုံးသံကိုလဲလုံးဝမကြားရတော့ပါဘူး

သူမရဲ့လက်တွေကတဆတ်ဆတ်တုန်နေပြီး သူမက လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတဲ့သူလိုဖြစ်နေခဲ့ပါတယ်

့"ကွယ်လွန်ချိန် ကိုးနာရီဆယ့်နှစ်မိနစ် "

လူတစ်ယောက်က အဲ့လိုပြောလိုက်တာနဲ့ သူမက အောက်ကိုအပုံသားလေးပြုတ်ကျသွားတော့တယ်

သူလှမ်း‌ဖမ်းပေးလိုက်ပေမဲ့လဲ သူက အကောင်အထည်မရှိတဲ့ဝိဉာဉ်လိုဖြစ်နေပြီးတော့ သူမရဲ့ကိုယ်ကိုဖောက်ထွင်းသွားခဲ့တယ်

သူ့ကိုမမြင်ရမှတော့ သူမကိုဒီထဲကဘယ်လိုလုပ်ထုတ်သွားပေးလို့ရမှာလဲ

အဲ့နောက်ပိုင်း သူမြင်ခဲ့ရတာက သူမရဲ့အဆုံးအစမရှိတဲ့မျက်ရည်တွေပါပဲ

အနက်ရောင်အကျင်္ ီကိုဝတ်ထားတဲ့သူမက ထောင့်တထောင့်မှာ အဆက်မပြတ်ငိုနေတာ‌ေတွ

အိပ်နေတဲ့အချိန်မှာ အဆက်မပြတ်လန့်နိုးလာတာတွေ

သူမရဲ့လက်ကဟင်းရွက်လှီးတဲ့ဓားတောင်ကိုင်လို့မရတော့တာ‌ေတွ

သူမကလက်ကောက်ဝတ်ကသွေးကြောကိုဖျက်ဆီးချင်တာတောင်
မှဓားကကိုင်လို့မရခဲ့ပါဘူး

အကြိမ်များစွာကြိုးစားတာကိုကျရှုံးသွားပြီးတဲ့နောက် သူမက အခန်းသေးသေးလေးထဲမှာပဲ ငေးငေးငိုင်နေခဲ့တာကိုပဲေတွ့ရတော့တယ်

သူမရဲ့စိတ်ဓာတ်ကျခြင်း‌ေတွ သူမရဲ့ကျရှုံးခြင်း‌ေတွ သူအားလုံးမြင်ခဲ့ရတယ်

နောက်တော့ သူမက အပြားတခုမှာပေါ်နေတဲ့စာတွေကိုပဲစွဲစွဲလန်းလန်း‌ဖတ်နေတာကိုလဲမြင်ခဲ့ရတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now