60.

1.6K 83 1
                                    

Moe yanant thin 080:
ငါလေးကခွေး‌ေသွးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(60)

စောနကအထိပြုံးနေသေးတဲ့ ဟော်ရုံကျွင်းက သွေးတပွက်အန်ထွက်လာကာ မျက်နှာကလဲ ချက်ချင်းဖြူဖျော့သွားလေတယ်

"မင်း ! မင်း .....ဘယ်လိုသိတာလဲ ?"

"လွယ်ပါတယ် အရင်တခေါက်က ကျွန်မ လင်းယုရန‌်ဗိုက်ကိုဓားနဲ့ထိုးတာကလဲ ရှင့်ကိုစမ်းသပ်တာပဲ ဖြစ်ချင်တော့ မထင်မှတ်ပဲ ရှင်ကကျရှုံးသွားတယ်လေ ရှင်ရဲ့အားနည်းချက်ကိုရှင်ကထုတ်ပြလိုက်တာပဲ "

"........"

လင်းယုရန်။ ။ "......"

ဘာတွေပြောနေကြတာလဲ သူမဘာလို့ဘာမှနားမလည်တာလဲ

ချီးးးး တကယ်နာတာဟ

အချင်းချင်းကို ဖြေးဖြေးတော့မလုပ်ဘူး

အစိတ်စိတ်အမွှာမွှာကွဲကြေသွားတဲ့နှလုံးသားနေရာက သွေးတွေတရဟောထွက်နေပြီး လင်းယုရန်နှုတ်ခမ်းထောင့်မှာလဲသွေးတွေနဲ့

မျက်နှာကဖြူဖျော့နေပြီးတော့ သေချာတာက သူမ ဒီတခေါက် တကယ်သေရမှာ

ဇတ်လိုက်မလဲ ပြူးပြူပြာပြာဖြစ်နေတဲ့သူမကိုထားခဲ့ပြီး ထွက်ပြေးသွားပြီ

ဒါပေါ့ ဇတ်လိုက်မရဲ့ရည်ရွယ်ချက်ကပြည့်သွားပြီကိုး နောက်ပိုင်းဘာဖြစ်ဖြစ် သေမှာသေချာတဲ့သူတွေအပေါ် ဘာလုပ်ပေးနေရမှာလဲ

ယင်းယန်ဖျတ်ခနဲပျောက်ကွယ်သွားလေတော့တယ်

လင်းယုရန်မှာတော့ မြေပေါ်ကို အပုံသာ‌းလေးပြုတ်ကျသွားလေတော့တယ်

သူမရဲ့စရိုက်က ပေါ့ပျက်ပျက်ဖြစ်နေပေမဲ့လဲ သူ့အပေါ်ထားတဲ့အချစ်ကတော့အစစ်အမှန်ဖြစ်ပြီးလေးနက်ပါတယ်

ဒါကြော့င် အခု သူနဲ့သူမသေရတော့မယ် ပြီးတော့ ခေတ်သစ်မှာလဲ ပြန်တွေ့ကြဖို့မသေချာဘူး

ဒီတခါ ‌တွေ့ကြတာ နောက်ဆုံးလဲဖြစ်ချင်ဖြစ်သွားနိုင်တယ်

ဒါကြောင့် သူမ သူ့ကိုပြောစရာတွေအများကြီးရှိနေလေတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Kde žijí příběhy. Začni objevovat