46.47.zgi

663 13 0
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗိလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(46)

လင်းယုရန်ကတကယ်လှတယ် မိန်းမအချင်းချင်းတောင်မနာလိုဖြစ်ရတဲ့အထိကိုလှတာ

အဲ့တော့ အလှလေးသူမရဲ့အလှကိုမှေးမှိန်သွားစေတယ်

ဒါကြောင့်ပဲ သူမ ကြံမိရာကြံရာလုပ်မိတော့တာပဲ

လင်းယုရန် သူမကိုယ်သူမအဆိပ်ပြန်ခတ်မယ်လို့မထင်ထားခဲ့ဘူး

ပြီးတော့ ဇတ်လိုက်

သူ့ကို အဆိပ်ခတ်ရ အရမ်းခက်တယ်လို့ ရှေ့ကလူတိုင်းက‌ပြောလာကြတယ် ဒါပေမဲ့ သူမကျတော့ လုံးဝကိုလွယ်လွန်းနေတာလေ

ဒါက အရမ်းရိုးစင်းလွန်းတဲ့လင်းယုရန်နဲ့အချစ်မျက်ကန်းဖြစ်လွန်းတဲ့ဟော်ရုံကျွင်းတို့ကြောင့်ပဲ

အဲ့ဒါကသူမရဲ့လမ်းကြောင်းကိုပိုလွယ်လာစေတယ်လေ

"ကောင်းပြီ "

ဟော်ရုံကျွင်းက ခပ်မြန်မြန်ပဲ လက်ခံလိုက်တယ်

အမှန်အတိုင်းပြောရရင် ယင်းယန် အံဩသွားတယ် ဟော်ရုံကျွင်းလို တကိုယ်ကောင်းဆန်ေ-ာက်ကျင့်မကောင်းတဲ့ကောင်က ချစ်ရတဲ့သူ
အတွက်ဒီလိုစတေးတယ်ဆိုတော့ ဝန်ခံရမယ်

ဒါကတော်တော်တော့လက်မခံနိုင်စရာပဲ

ဒါပေမဲ့ သူမကတော့ပျော်တာပေါ့

ဒါကြောင့်ပဲ သူစိတ်မပြောင်းခင်မှာ သူမရဲ့လုပ်ငန်းစဉ်ကို အလျင်အမြန်လုပ်ဆောင်လိုက်တယ်

‌လင်းယုရန်ဘေးနားလှဲစေပြီး အဆိပ်ကိုစလင်းနဲ့သူ့သွေးကြောတွေထဲထိုးသွင်းလိုက်တယ်

လင်းယုရန်ကိုလဲ အဆိပ်ဖြေဆေးထိုးပေးလိုက်တယ်

သူမရဲ့တာဝန်တဝက်လောက်လျော့‌သွားတဲ့အခါ ယင်းယန်ပျော်သွားတယ်

ဟော်ရုံကျွင်း သူ့ရဲ့ခန္ဒာကိုယ်က သိသိသာသာအားနည်းသွားတယ်ဆိုတာကိုသိလိုက်ရတယ်

ဒါပေမဲ့သူမျက်လုံးဖွင့်လိုက်တာနဲ့အရင်ဆုံးလုပ်တာက လင်းယုရန်ကိုကြည့်တာပဲ သူမရဲ့မျက်နှာအရောက်သိသိသာသာသွေးရောင်ပြန်
လွှမ်းလာတာကိုတွေ့မှ သူလဲစိတ်အေးသွားတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Wo Geschichten leben. Entdecke jetzt