အပိုင်း(15)uni&zgi

3.6K 177 6
                                    


ငါလေးက ခွေး‌ေသွးပက်စာအုပ်ထဲကို ဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(15) ရုံကျွင်းကောကောလို့ခေါ်🚨🚨🚨

ပြုတ်ကျပြီဆိုတာနဲ့ ဘယ်နေရာတွေနာနိုင်လဲဆိုတာပါ တခါထဲတွေးထားလိုက်တယ်

ဒါပေမဲ့ သူမစောင့်မျော်နေတဲ့နာကျင် ခြင်းကရောက်မလာဘူး

အဲ့အစား သန်မာတဲ့လက်တစုံက သူမခါးဆီရောက်လာပြီး သူမကျောပေါကိုလဲ ပြုတ်ကျမသွားရအောာင် အထောက်အပံ့ပေးထားလေတယ်

သူမရဲ့ခါးတို့ကိုင်းနေပြီး မျက်စိဖွင့်လိုက်တာနဲ့ သူမကိုအုပ်မိုးနေတဲ့ သူ့ကိုတွေ့လိုက်ရလေတယ်

"ကျန်းရဲ့ကိုယ်လုပ်တော်လေး ... အရမ်းတွေစိတ်ချမ်းသာနေတယ်ပေါ့ဟုတ်လား ကျန်းမကြားဖူးတဲ့သီချင်းတွေဆိုပြီး ကနေလို့ပါလား ဟမ်?"

"အာ အဲ့ဒါကလေ အဲ့ဒါက "

"ဟမ် ? ကျန်းရဲ့ကိုယ်လုပ်တော်လေးက ကျန်းလုပ်ကြံခံရတာသိလို့များ ဘဝင်ရွှင်နေသလားဟင်?"

"............"

စွကျိုးနဲဇတ်လိုက် နင်အမြဲလုပ်ကြံခံနေရတာပဲမဟုတ်ဘူးလား

အခုလဲ ဘေးမသီရန်မခရန်လာစနေပုံထောက်ရင် ဘယ်တစ်ယောက်က အသက်ပေးသွားပြန်ပြီလဲမသိဘူး

"ဒါပေမဲ့ ကျန်းက အမြဲကံကောင်းတယ် အနောက်ဆောင်က ဘယ်သူဆိုပါလိမ့် အဲ့တစ်ယောက်ကယ်လိုက်လို့ ရန်သူကကျန်းရဲ့ဝတ်ရုံစကိုတောင် မထိနိုင်ခဲ့ဘူး "

ဟမ့် ပြောသားပဲ

သူလုပ်ကြံခံရတိုင်း ဒိုင်းကာတခုလောက်ကတော့ ရှိနေပြီးသားပဲ

သူ့ရန်သူတွေကလဲအမြဲကံမကောင်းဘူး သူတို့လာလုပ်ကြံတိုင်း ကာကွယ်ပေးတဲ့သူနဲ့အမြဲတွေ့ရတဲ့အပြင် အသက်ရှင်ကျန်တဲ့သူကလဲတစ်ယောက်မှမရှိဘူး

ပြီးရင် တလောကလုံးကိုခွေးသွေးလိုက်ပက်နေတဲ့ဇတ်လိုက်က စိတ်ရူးပေါက်ပြီး သူတို့မိသားစုကိုခွေးသွေးပက်တာကိုခံရဦးမယ်

အမ်း အပြစ်မဲ့တဲ့လူတွေ ဘယ်လောက်များသေဦးမှာလဲ

သူမ ကိုယ့်အတွေးနဲ့ကိုယ် တွေးနေတုန်း သူက သူမခါးကိုလွှတ်ချလိုက်တယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)حيث تعيش القصص. اكتشف الآن