30.zgi

1.1K 22 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကှိုီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း (30) သူမအတွက်ဓားတချက်မက

အဲ့တကိုယ်ကောင်းဆန်တဲ့ဇတ်လိုက်က သူ့ကိုယ်သူပဲကာကွယ်တတ်တာ သူ့ကိုကာကွယ်ရင်းဆုံးပါးသွားရတဲ့အမျိုးသမီးတွေကို တစက်လေးတောင် ဂရုစိုက်တာမဟုတ်ဘူး

အခုတော့ သူမ အကျယ်ကြီးအော်ပြီးမျက်စိမှိတ်ထားရုံအပြင် ဘာမှလဲ မလုပ်တတ်တော့ဘူး

"အားးးးးးးးးးးးးးးး"

သူမရဲ့ကျယ်လောင်တဲ့အော်သံအဆုံးမှာ သူ့ကျောဖက်ရောက်လာပြီး လက်ကအလိုအလျောက်ဆန့်ထွက်လာကာ သူ့ကိုတွန်းချလိုက်တဲ့အချိန် မြှားကလဲ မျက်စိရှေ့တည့်တည့်ရောက်လာခဲ့တယ်

အားလုံးပဲ နှုတ်ဆက်ပါတယ်

ဘယ်တော့မှ ပြန်မတွေ့ကြပါစို့

ကျွန်မကတော့ အရင်သွားနှင့်ပါတော့မယ်

ဝတ္တုထဲကဇတ်ကွက်လိုပဲ မလွဲမသွေသေရမဲ့ကျွန်မပါ

စွကျိုးနဲဇတ်လိုက်ရေ နင့်ကို သေရင်တောင်ပြန်မတွေ့ချင်တော့ဘူးဟဲ့

တကယ်ပါပဲ

သေလောက်အောင်စိတ်ပိန်တယ်

သူမ မျက်စိမှိတ်ပြီးနာကျင်မူ့ကိုစောင့်စားလိုက်ပေမဲ့လဲ နာကျင်မူ့အစား သူမမျက်နှာပေါ်နွေးထွေးတဲ့မရည်တချို့လာစင်တာကိုပဲခံစားလိုက်ရတယ်

ဘာလဲ ဘာလဲ ဘာတွေလဲ

သူမ ကမန်းကတန်းမျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ သူမရှေ့မှာရှိနေတဲ့လူသားတံတိုင်းကိုမြင်လိုက်ရတယ်

ဟမ့် ဇတ်လိုက်က သူမအစားခံပေးမယ်လို့ထင်နေတယ်ဆိုရင်တော့ ကိုယ့်ခေါင်းကိုယ် ရေမရှိတဲ့ချောင်းမှာ နှာခေါင်းနှစ်ပြီးပဲသေလိုက်တော့မယ်

သေချာတာပေါ့ သူမကိုလာကာကွယ်ပေးတာက အသေကောင်ပဲ

ဇတ်လိုက်က သူမကိုကာကွယ်ပေးဖို့ အလောင်းကောင်ကိုသူခံပေးလိုက်တာဆိုပေမဲ့လဲလေ

‌"ဝေါ့........ "

အန်ရလွန်းလို့

ငါသေတော့မယ်ဟယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now