42+43

1.9K 94 1
                                    

Moe yanant thin 080:
ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(42)

အတွေးဆုံးတော့ သူ့လက်ဆီရောက်သွားပြန်တယ် လှလိုက်တဲ့လက်

ဘုရားကသေချာအာရံုစိုက်ပြီးအနုစိတ်ထုဆစ်ထားသလို လှလွန်းပါရက်နဲ့ ဒီလက်က ‌လူတွေကိုသတ်တဲ့လက်ဖြစ်နေတာဆိုးတာပဲ

ဖြူသွယ်ပြီး ‌အကြောစိမ်းတွေဖုံးလွှမ်းနေတဲ့လက်တစုံ

"ယုရန် ! ရန်ရန် ! ဟေ့...."

"ဟင်? အာ ဆောရီး ကျွန်မ အတွေးများသွားလို့ ‌တောင်းပန်ပါတယ်‌ေနာ်"

"ဆာရီ? အဲ့ဒါကဘာလဲ မင်းတို့ဇာတိမြေကစကားလား"

"အင်း ဟုတ်တယ်တောင်းပန်ပါတယ်လို့ပြောတာပါပဲ "

"အင်းနောက်များကျ မင်းလေးရဲ့ဇာတိမြေအကြောင်းပြောပြပါဦး အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ကိုယ်သဘောကျတယ်"

"အွန်း ရှင်သဘောကျရင် ကျွန်မများများပြောပေးမယ်နော် "

လင်းယုရန်အဲ့လိုပြောလိုက်တော့ သူက သဘောတကျကိုပြုံးတယ်

ခနနေတော့ သူမတို့ကို သူ့ကိုယ်ရံတော်တွေကလာခေါ်တယ်

ဇတ်လိုက်မလဲပါလာလေတယ်

ဘယ်လိုလုပ်လိုက်မှန်းမသိပေမဲ့ ဇတ်လိုက်မပါလာတော့ သူမတကယ်ကြီးအံ့ဩသွားတာ

"ကျယ်ကျဲ "

"အွန်း မေ့မေ့"

တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ကြပြီးနောက်  ‌ဇတ်လိုက်မကသူမနားကပ်လာကာ သူမကိုအချက်ပြတယ် လင်းယုရန်က ခေါင်းကုတ်သလို နှာခေါင်းကုတ်သလိုနဲ့ မသိမသာခေါင်းငြိမ့်ပြတယ်

စိတ်ချသွားတဲ့ဇတ်လိုက်မက သူ့အ‌ခြွေအရံအနဲငယ်နဲ့အတူ လေသဘေင်္ာပေါ်တက်သွားလေတယ်

လင်းယုရန်လဲ ခြေကြွကာ လျောက်ဖို့အလုပ် သူပွေ့ချီတာကိုခံလိုက်ရပြီး

"လှေကားထစ်တွေကကြမ်းပြီးများတယ် မင်းခြေဖဝါးနုနုလေးတွေသွေးခြေဥလို့မရဘူး ကိုယ်ချီသွားပေးမယ်"

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now