Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်အပိုင်း(68) ဟော်ရုံကျွင်းရဲ့ရောဂါကိုကုပြီးပြီလား
ချီးးးးကိုပဲစိတ်မရှိပါနဲ့လား
ငါ့မှာတော့နာလို့သေတော့မှာဟဲ့
အဲ့တုန်းက တကယ်သေသွားတယ်လို့တောင်ထင်ရတာ လင်းယုရန် တွေးရင်းမျက်စောင်းလှမ်းထိုးတော့ ရင့်ကျက်သူ လုယင်းယန်က လက်သီးဆုပ်လေးများကိုနှုတ်ခမ်းမှာကွယ်လိုက်ရင်းခပ်ဖွဖွရယ်လာတယ်
ဟမ့် ပဲများလိုက်တာ
ယင်းယန်ကတော့ သူမရှေ့က မိန်းကလေးက ချစ်ဖို့ကောင်းတယ်လို့ရုတ်တရက်ခံစားလိုက်ရတယ်
သူမ ကူးပြောင်းနေခဲ့တုန်းက အခွင့်မသာတော့မပြောဖြစ်ခဲ့တာ ဘယ်လိုပဲဖြစ်ဖြစ် ဟိုမှာသေဆုံးခဲ့ရင်တောင် အဲ့ဒါက တကယ်မဟုတ်ပဲ အတုအယောင်ပါပဲလေ
သူမရဲ့တာဝန်ကြောင့်သာ သူမလုပ်ခဲ့ရပေမဲ့ တကယ်တော့ သူမဆန္ဒပါလို့မှမဟုတ်ခဲ့တာ
"ဒါနဲ့ သခင်ဟော်ရော သူ့ရောဂါကိုကုပြီးသွားပြီလား"
"ဟမ်?"
လုယင်းယန်မှာ စကားပြောမှားမိသွားသလို ပါးစပ်လေးကိုကွယ်လိုက်ပြီး မသိယောင်ဆောင်လိုက်ပေမဲ့ လင်းယုရန်လိုအကန်းကတော့ မမြင်ပဲ
"ရုံကျွင်းကဘာဖြစ်လို့လဲ "
"အိုးး အဲ့ဒါကလေ သခင်ဟော်က ဘာမှပြောမထားတော့ တို့ကလဲ စည်းကျော်လို့မရဘူးလေ ....."
လုယင်းယန်ကဆက်မပြောပဲ ရပ်လိုက်ပြီးမှ ဆက်ပြောလာတယ်
"မင်း.....အဲ့ဒါကို... နားလည်တယ်မလား"
"နားမလည်ဘူး သူနဲ့ကျွန်မက လက်ထပ်ကြတော့မှာလေ သူ့အကြောင်းကိုသိဖို့လိုတယ် တစ်ယောက်အကြောင်းတစ်ယောက်မသိပဲ ယုံကြည်မူ့မရှိဘူးဆိုရင် ဘယ်လိုလုပ် လင်မယားဆိုတဲ့ခေါင်းစဉ်အောက်ကိုသွားနိုင်မှာလဲ "
"ဒါပေမဲ့ အဲ့ဒါက မင်းတို့ရဲ့ကိစ္စပဲလေ ကျွန်မကတော့ တာဝန်ယူထားတဲ့ကိစ္စမို့ စည်းကမ်းချိုးဖောက်ခွင့်မရှိဘူး ရှင်ကြားဖူးမှာပေါ့ လုမိသားစုက ဘယ်လောက်စည်းကမ်းရှိလဲဆိုတာ သိမှာပါ ကျွန်မ တကူးတကကြီးပြောနေစရာမလိုပါဘူး ဟုတ်တယ်မလား"
YOU ARE READING
(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)
Historical Fictionown creation mature content normal love by alinkar nang 🌿 ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် intro.... ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် ပြီးတော့ ဇတ်လိုက်ရဲ့မောင်းမဆောင်ထဲကတစ်ယောက်ဖြစ်လာခဲ့တယ် ပ...