Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်အပိုင်း(69) ကယ်တင်ခံရမဲ့သူကဘယ်သူလဲ?
"ပါးစပ်ပိတ်ထား အဲ့ဒါကို နောက်ထပ်ဘယ်တော့မပြောနဲ့ "
"စိတ်လျေိာ့ပါသခင် စိတ်လျော့ပါ ထပ်မပြောတော့ပါဘူး"
အထဲကလူတွေကတော့ စကားပြောကောင်းနေဆဲ လင်းယုရန်ကတော့ တိတ်တဆိတ်နဲ့ထွက်ခွာသွားလေတယ်
ဒီတခါ သူမ သူ့ကိုကာကွယ်ပေးချင်တယ် အဲ့ဒါက ဘာပဲဖြစ်ဖြစ် သူမကျိန်းသေပေါက်ကျော်ဖြတ်ပေးမယ်
အတွေးပေါင်းများစွာနဲ့ လမ်းပျောက်နေတဲ့ လင်းယုရန်က နောက်ဆုံးတော့ တံခါးပေါက်နဲ့သူမကြားမှာ ကိုယ်ရံတော်ကို အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့လေတယ်
ကိုယ်ရံတော်မှာ လက်မြောက်ပြိးလဲမရုန်းနိုင် ရိုက်ဖို့ကျတော့လဲ မဝံ့မရဲနဲ့ အပိတ်ပဲခံလိုက်ရတော့တယ်
လင်းယုရန်က လူဆိုးတစ်ယောက်လိုမျက်နှာသေကြီးကိုတပ်ဆင်ထားပြီး
"ပြော နောက်ထပ်နည်းလမ်းတခုကဘာလဲ ? "
"ဟမ်?"
"နောက်ထပ်နည်းလမ်းတခုကဘာလဲလို့မေးနေတာလေ"
"အာ အဲ့ဒါက "
"ဘာလဲ ပြောပြလို့မဖြစ်ဘူးပေါ့ ငါတို့အားလုံးကိုထားခဲ့ပြီး သူသေသွားတာကျတော့ရတယ်ပေါ့ဟုတ်လား အတိအကျပြောစမ်းပါ သူဘာလုပ်ချင်နေတာလဲ?"
"အာ အဲ့ အဲ့ဒါက "
"ဘာတွေစကားလာထစ်နေတာလဲ ရှင်ကအရိပ်တပ်သားဆိုတာကျွန်မ မသိဘူးများမှတ်နေလား ပြော သူဘာလုပ်ချင်နေတာလဲ ဒါမှမဟုတ် ရှင့်သခင်ကို တကယ်ကြီးပေးသေမလို့လား"
"......"
.......
ဟော်ရံကျွင်းက လင်းယုရန်ပါးကိုခပ်ဖြေးဖြေးနဲ့ဖွဖွလေး နမ်းရှိုက်လိုက်ပြီးနောက် ထွက်သွားခဲ့တယ်
ဒါပေမဲ့ ဟော်ရုံကျွင်း မသိလိုက်တာက လင်းယုရန်ဟာလဲ သူတံခါးပိတ်သွားပြီးတဲ့နောက် မျက်လုံးတွေဟာ အိပ်နေတဲ့အရိပ်အယောင်မရှိပဲ ကြည်ကြည်လင်လင်နဲ့ဖွင့်ကြည့်လာတယ်ဆိုတာပါပဲ
DU LIEST GERADE
(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)
Historische Romaneown creation mature content normal love by alinkar nang 🌿 ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် intro.... ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် ပြီးတော့ ဇတ်လိုက်ရဲ့မောင်းမဆောင်ထဲကတစ်ယောက်ဖြစ်လာခဲ့တယ် ပ...