29.zgi

1.1K 18 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကို‌ဗ်ီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(29) ထပ်မံလုပ်ကြံခံရပြန်တဲ့ဇတ်လိုက်

"လင်း ! ယု ! ရန်"

လင်းယုရန် ကိုယ်တောင်တွန့်ခနဲဖြစ်သွားတယ် သူစိတ်တိုတိုင်း သူမကို နာမည်တလုံးချင်းစီခွဲခေါ်နေကြပဲ

အခုလဲ သွားကြားထဲကလေထွက်တဲ့အသံနဲ့ အံကြိတ်ထားတာက ကြောက်စရာကြီး

"ဟို ဟို ဘာ ဘာကိုမေးတာလဲဟင်"

"ကိုယ့်ကိုအဲ့လောက်တောင်ကြောက်ရလား ကိုယ်မင်းကိုဘာမှမလုပ်ပါဘူးလို့ဂတိပေးထားပြီးသားလေ"

အမ် အဲ့ဒါကိုပဲမယုံတာ သူလား သူမကိုဘာမှမလုပ်တာ

မလုပ်ဘူးဆိုပြီး အိပ်ရာထဲလေးငါးရက်လှဲနေတာ လုပ်များလုပ်ရင်တော့ အသက်ပါတခါထဲထွက်သွားမလားပဲ

ကြောက်ပါတယ်နော် သေလောက်အောင်ကြောက်ပါတယ် ဒါကြောင့် ဇတ်လိုက်မဆီပဲသွားပြီးပျော်နေပါတော့လို့ အားရိုးးး အကျယ်ကြီးပြောပြီး အော်ထုတ်ပစ်လိုက်ချင်တယ်

"ဟို ဟို ယုံ ယုံပါတယ်"

ဟော်ရုံကျွင်း ခေါင်းကိုက်သွားပြန်တယ်

သူမက သူ့ကိုမယုံတာအသေအချာကြီးကို သူမဘာလို့ ခေါင်းကိုပဲပုတ်သင်ညိုလိုတဆတ်ဆတ်ငြိမ့်နေရတာလဲ

ငြိမ့်လွန်းလို့ ပြုတ်တောင်ထွက်တော့မယ်

အရင်တုန်းကတော့ သူ့ကိုလူတိုင်းကြောက်တာ ကောင်းတယ်လို့ထင်ခဲ့ပေမဲ့ အခုတော့ အဲ့ဒါက အမှားကြီးဆိုတာကိုလက်တွေ့ကြုံလိုက်ရတော့တယ်

ဒီမိန်းကလေးနဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲ

သူမက အရင်ရက်တွေတုန်းက သူ့ကိုမကြောက်တော့လို့ ကျိတ်ပျော်နေရုံပဲရှိသေးတယ် အခုတော့ သူမရဲ့ပုံစံက နဂိုပုံစံဖြစ်သွားပြန်ပြီ

"ကိုယ့်ကိုမကြောက်နဲ့ "

"အင်း"

သူမရဲ့မျက်ဝန်းလေးတွေက တဖြေးဖြေးပြန်တည်ငြိမ်လာခဲ့လို့သူ့‌ဒေါသ ‌တွေက ‌ပြေသွားပြန်တယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Wo Geschichten leben. Entdecke jetzt