41,zgi

495 11 0
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကို‌ဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(41) ဇတ်လိုက်မက? ? ?

တကိုယ်လုံးလှုပ်မရအောင်နာပြီး ရှိသမျှကြွက်သားတွေ သွေးကြောတွေတိုင်းက မောပန်းနေပြီ အနားယူချင်ပြီလို့အော်နေပြီ

သူမ မျက်နှာကျက်ကိုပဲ စိတ်ပျက်လက်ပျက်နဲ့ကြည့်နေလိုက်တော့တယ်

အားရားးး သူမအချစ်ရေးက အရမ်းကိုခက်ခဲလိုက်တာ သေတော့မလိုပဲ

ဒါပေမဲ့ တက်ကြွတဲ့နတ်ဆိုးကတော့ အိပ်ရာထဲက ပျော်ရွင်စွာနဲ့  ထွက်ခွာသွားလေပြီ

သူက ဘာလို့တက်ကြွနိုင်သေးတာလဲ မတရားဘူးးးး အားးးးး

"သခင်မယင်းယန်ကတွေ့ခွင့်တောင်းနေပါတယ် "

ကြာပန်းဖြူ ဇတ်လိုက်မ ယင်းယန်

"လွှတ်လိုက်"

သူမ အကြောင်းပြန်ပြီးတာနဲ့မကြာခင်မှာပဲဇတ်လိုက်မကဝင်လာခဲ့လေတယ်

သူမကတော့ မထနိုင်သေးလို့ အိပ်ရာထဲမှာပဲ ခေါင်းအုံးလေးပေါ်လက်လေး‌ထောက်လို့ နားထင်နားမှာလက်ညိုး‌လေးထောက်ထားတယ်

နောက်တဖက်ကတော့ သူမရဲ့ခါးပေါ်အသာအယာ‌တင်ထားကာ နွဲ့နွဲနှောင်းနှောင်းလေးပေါ့

"ထိုင်ပါမေ့မေ့ ကျဲကတော့ နေမကောင်းလို့ ဒီမှာပဲ "

"ရပါတယ် မေ့မေ့ကလဲ ဒိကိုပြောစရာရှိလို့လာတာပါ ဒီမှာ ပူလိုက်တာနော်ရေခဲသေတ္တာလေးတလုံးရှိရင်ဘယ်လောက်ကောင်းမလဲ ကျဲဘယ်လိုထင်လဲ ? "

ရေ ခဲ သေတ္တာ !

ဇတ်လိုက်မက သူမလိုပဲသိပ္ပံခေတ်ကလာတယ်လို့ပြောချင်တာလား

ဒါမှမဟုတ် ဘာမှမသိပဲ သူမကိုလာစမ်းသပ်နေတာလား

"ဲဒါပေါ့ ဒါပေါ့ ဒီမှာ air-con ရှိရင်လဲအဆင်ပြေတယ် "

သူမတို့‌ပြောတာသူမတို့ပဲနားလည်တယ်

ဘေးကနားထောင်တဲ့သူကတော့မူးသွားမှာပဲ

ဇတ်လိုက်မက ခေတ်လွန်ကလာတယ်ဆိုတာသေချာတယ်

သူမလိုကူးပြောင်းသူပဲ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now