Ch.1.uni&zgi

6.2K 289 2
                                    

🌿ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(1) အိမ်တွင်းပုန်းမလေး လင်းယုရန်

လင်းယုရန် မျက်တောင်များကိုနှစ်ကြိမ်ခတ်လိုက်မိတယ်

ကွန်ပျုတာနဲ့ ပိုနီးအောင် မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့ကိုတောင်ပိုကုန်းသွားလိုက်သေးရဲ့

သူမရဲ့ပုံရိပ်က ကွန်ပျုတာမှာအရိပ်ထင်လာလေတော့ တချက်ပြန်လန့်သွားရသေးတယ်

ရှုပ်ထွေးတွန့်လိမ်နေတဲ့ဆံပင်တွေကဘုတ်သိုက် ပုလင်းဖင်လောက်ရှိတဲ့မျက်မှန်ကြီးက တပ်ထားလိုက်သေးတယ်

အိမ်တွင်းပုန်းတို့ရဲ့သဘာဝ မျက်ကွင်းညိုနဲ့ အရိုးနဲ့အရေပြားကပ်နေတဲ့အပြင် မွဲခြောက်နေတဲ့အသား‌အရေကိုပါပိုင်ဆိုင်ထားလိုက်သေး

မျက်လုံးဝိုင်းဝိုင်းကအခု‌ေတာ့ပြူးထွက်နေပြီ

ဟုတ်တာပေါ့ အခု‌တလော သူမစွဲလန်းနေတဲ့ ခွေးသွေးပက်ဝတ္ထုတပိုဒ်ကို‌‌ေန့‌ေန့ညညဖတ်နေတာလေ

စာရေးတဲ့သူကနာမည်ကြီးဖြစ်ပေမဲ့ အချိုလေးတွေချည်းရေးလို့ပိုနာမည်ကြီးတယ်

ဒါပေမဲ့ဒီတခါတင်တဲ့ဝတ္ထုကတော့ နာမည်နဲ့လိုက်လောက်အောင်ကို ‌ကြမ်းတမ်းနေရောပဲ

နာမည်ကိုလဲကြည့်လိုက်ဦး

တလောကလုံးကိုခွေးသွေးပက်ဖြန်းပစ်လိုက်မယ် တဲ့ ဝိုးး ဝိုးးးး အမေးဇင်းပဲ

နာမည်နဲ့လိုက်အောင်ကို စလာထဲက ပက်လိုက်တဲ့ခွေးသွေးတွေ

ရက်ရက်စက်စက်နည်းလမ်းရှိသမျှအကုန်သုံးပြီးရက်စက်တတ်တာက ဆိုက်ကိုဇတ်လိုက်ပဲ

ငယ်ငယ်ကကြမ်းတမ်းဘဝပိုင်ဆိုင်ထားလေတော့ အချိန်တန်ရင် သူများကိုမယုံကြည်တဲ့ဆိုက်ကိုက ဖောက်ဖောက်လာတယ်

‌သူ့နဲ့တွေ့သမျှ မိန်းမတိုင်းကို တချက်‌ေ့ဝကြည့်လိုက်တာနဲ့ အားလုံးကသူ့ကို ကြွေကျမြေခပြီးသားပဲ

အလှလေးပေါ့လေ

သူမဖတ်ဖူးသမျှ ဝတ္ထုဇတ်လိုက်တွေတောင် ဒီဇတ်လိုက်လောက် လုပ်ကြံမခံရဘူး

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now