အပိုင်း(၂၃)uni&zgi

2.7K 153 2
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(23) ကြာပန်းဖြူဇတ်လိုက်မပေါ်လာပြီ

"ဟင်....လို့ ယုရန် ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည့်ကြမလား?"

အေးစက်တဲ့မျက်ဝန်းတို့က ရှားရှားပါးပါး နွေးထွေးနေတာဟာ ရေခဲတောင်ထဲက ချော်ရည်တွေ ရုတ်တရက်ပန်းထွက်လာသလိုပဲ

ဆန်းကြယ်ပြီးတော့ အရမ်းလှပလွန်းတယ် မျက်ရည်ခံမှဲ့လေးက သူ့မျက်နှာကိုပိုလို့ နူးညံ့စေတော့ အဲ့ရုပ်သဏ္ဍန် ချောမောမူ့ရဲ့အောက်မှာ သူမပြိုလဲသွားတော့တာပဲ

ခေါင်းကိုသတိလက်လွတ်ငြိမ့်လိုက်မိတယ်

ပြီးတော့မှ ငြီးငြူမိတာက ....

သေစမ်းးးးးး ! ငရဲမင်းကြီးက သူ့လက်နက်ကိုထုတ်သုံးပြန်ပြီ !

ဒီလောက်လှပလွန်းတဲ့မျက်နှာကို မခုခံနိုင်တာကလဲ သူမရဲ့ပြစ်ချက်တမျိုးပါပဲ

ထားပါတေ့ာလေ ချောင်ထဲမှာကပ်နေရတဲ့အစား ဇတ်လိုက်ရဲ့ရွှေပေါင်လုံးကြီးကိုဖက်ထားရတာကလဲ ဆိုးတော့မဆိုးပါဘူး

အဲ့လိုနဲ့ သူမတို့ရဲ့ချစ်ကြည့်ကြစို့ဆိုတဲ့ခရီးစဉ်ကတရားဝင်စတင်ခဲ့တော့တယ်

နန်းတော်ပြန်ရောက်လာပြီး သူမကိုမေ့သွားမယ်လို့ထင်ခဲ့ပေမဲ့ ဘယ်လောက် အားအား မအားအား သူမဆီကိုရောက်အောင်လာတယ်

ညတိုင်းလဲ သူမဘေးမှာပဲအိပ် တယ် သူမကို ရတနာများစွာနဲ့စည်းစိမ်ဥစ္စာအများကြီးပေးပြီး ရွှေပုံကိုဖင်ခုထိုင်နေရသလိုခံစားချက်ကိုပြည့်ပြည့်ဝဝခံစားစေတယ်

တကယ်တော့ ဇတ်လိုက်က ဆိုက်ကိုဖောက်လာတဲ့တချိန်ကလွဲရင် ကောင်းပါတယ်

သူမကိုကြင်နာတယ် ဂရုစိုက်တယ် လွှမ်းမိုးနိုင်တယ် အကောင်းဆုံးတချက်ကတော့ ဝက်ဖြစ်အောင်မွေးတယ်

ဘယ်နရက်မှမရှိသေးဘူး သူမသူ့ကိုမကြောက်တော့ဘူး ဘာလို့လဲဆိုတော့ သူ့ကိုအကြိမ်ကြိမ်စမ်းသပ်ပြီးတဲ့နောက်မှာ သူ့သီးခံနိုင်စွမ်းရည်က တော်တော်ကောင်းတယ်ဆိုတာကိုသိလိုက်ရတယ်လေ

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now