34.uni

2.2K 120 1
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(34) နိုးထလာခြင်း

ဒီလိုမျိုး သူနဲ့မတူတဲ့နေရာတခုကိုရောက်လာတာကတင်သူ့ကိုစိတ်ရှုပ်စေပြီးပြီ အခုလိုသူမရဲ့စကားတွေထူးဆန်းလာတော့ သူပိုပြီးစိတ်ရှုပ်ထွေးလာခဲ့တယ်

မဟုတ်သေးဘူး အခုအချိန်က သူတွေးနေရမဲ့အချိန်မဟုတ်ဘူး သူမကိုဒီနေရာကနေဆွဲထုတ်ရမဲ့အချိန်ပဲ

"ယုရန် တွေးနေတာကိုရပ်တော့ ကိုယ်တို့မှာအချိန်မရှိတော့ဘူး ကိုယ်မင်းကိုဒီနေရာကဆွဲထုတ်ပေးဖို့လာခဲ့တာ မင်းစိတ်ကူးယဉ်နေတာကိုရပ်လိုက်တော့"

ဟော်ရုံကျွင်းဘဝမှာ မိန်းမ‌တစ်ယောက်နဲ့ပတ်သတ်ပြီး ဒီလောက်ထိ
လိုက်ပူပန်စိုးရိမ်နေရလိမ့်မယ်လို့လုံးဝမတွေးခဲ့ဖူးဘူး

အခုလိုစိတ်ရှည်နေရမယ်လို့လဲ အိမ်မက်တောင်မမက်ခဲ့ဖူးဘူး

အခုတော့ သူမကြောင့် အသစ်များစွာကိုသင်ယူလိုက်ရတာတွေလဲအများကြီးပဲ 

အခုလဲသူမကိုသူအရမး်စိုးရိမ်နေရပြန်ပြီ

"ယုရန် ! "

သူ အော်ရင်းဟစ်ရင်း သူမလက်မောင်းကိုဆွဲရမ်းလိုက်တယ်

"အသိဝင်ပါတော့ မင်းနေနေတာက မင်းကိုယ်တိုင်တည်ဆောက်ထားတဲ့စိတ်ကူးယဉ်နေရာပဲ ထွက်လာပါတော့ ကိုယ့်ကိုကြည့်ဦး မင်းမရှိပဲ ကိုယ်ဘယ်လိုနေရမှာလဲ "

အာ နောက်ဆုံးအကြောင်းကတော့ နဲနဲ မဟုတ်သေးသလိုပဲ

ထားလိုက်ပါတော့ ပြောပြီးမှတော့ အဓိအကြောင်းအရာစီကိုပဲသွားလိုက်ကြစို့

အဲ့လိုနဲ့ ဟော်ရုံကျွင်းက သူအတွက် သူမဘယ်လို လိုအပ်နေသလဲဆိုတာကို တခုချင်းစီပြောတော့တယ်

"ကိုယ့်ရဲ့ချီဖောက်ပြန်မူ့အတွက်မင်းလိုတယ်လေ "

"အာ ကိုယ်က တခြားမိန်းမတွေနဲ့မအိပ်နိုင်ဘူး"

"သူတို့သေသွားကြလို့"

"မင်းအတွက်ဟင်းကောင်‌းကောင်းတွေနေ့တိုင်းကျွေးမယ်လေ"

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now