64.zgi

372 6 0
                                    

Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(64) ရှင်းလင်းခြင်း

လင်းယုရန်ရဲ့ဆန္ဒမပါတဲ့နှစ်ကိုယ်တူကျင့်ကြံခြင်းက နှစ်ရက်ကြာမြင့်ခဲ့တယ် လင်းယုရန် သူမရဲ့အမေကိုလဲသတိမရတော့ အချိန်ပြည့်တွန်းလှဲခံနေရပြီး နဂိုသူမရဲ့ဖြူစင်တဲ့အခန်းလေးဟာ ချိုမြိန်ခြင်းနွေဦးရနံ့တွေနဲ့ပြည့်သွားတော့တယ်

ဟုတ်‌တာပေါ့ သူမဆီမှာ တတွေ့ကရာအမှတ်အသားလုပ်ပြီး
သုတ်ရည်လိုက်ပက်ဖြန်းတတ်တဲ့ခွေးတကောင်ရှိနေတယ်လေ

လင်းယုရန် မျက်လုံးပြန်ဖွင့်လာတော့ မျက်လုံးတွေကျန်းစပ်နေပြီး သူမရဲ့အရာရာအားလုံး အရေပြားတလက်မချင်းစီတိုင်းက နာကျင်လို့နေတယ် သူမရဲ့အောက်ပိုင်းက‌တော့အနာကျင်ဆုံးပဲ

လည်ချောင်းကလဲ နာကျင်နေပြီးသူမဘယ်လောက်ထိအော်ဟစ်ခဲ့လဲဆိုတာမှတ်မိနေသေးတယ်

သူမရဲ့ကိုယ်နဲ့စိတ်ကဗလာဖြစ်နေပြီး ကြုံခဲ့ရတာတွေက အိမ်မက်မဟုတ်သလို တကယ့်အဖြစ်အပျက်ဆိုတာကို သူမရဲ့နာကျင်နေတဲ့နေရာတိုင်းကထောက်ခံနေကြတယ်

ဒါပေမဲ့ သူမဘေးကနေရာကဘာလို့အရမ်းအေးစက်နေရတာလဲ သူမရှိခဲ့သလိုပဲ သူမနားရောက်မလာခဲ့သလိုပဲ

"ရုံကျွင်း!"

‌လင်းယုရန် စိုးရိမ်စိတ်နဲ့အော်ခေါ်လိုက်မိတယ်

အိမ်မက်မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့လဲ သူမစိုးရိမ်နေတုန်းပဲ

"ကလစ်"

တံခါးချက်ပွင့်သံနဲ့အတူ ဟော်ရုံကျွင်းကလဲ သူမနားရောက်လာတော့တယ်

ကြွက်သားတွေကိုဖုံးကွယ်ထားတဲ့ရှပ်အင်္ကျီဖြူ‌ကိုချပ်ချပ်ရပ်ရပ်ဝတ်ထားပြီး အောက်က ဘောင်းဘီအနက်ရောင်နဲ့လှပဖြောင့်တန်းလွန်းတဲ့ခြေတံသွယ်တွေ

အတိုညှပ်ထားတဲ့ငွေရောင်ဆံနွယ်တွေရဲ့အောက်က မပြောင်းမလဲအေးစက်တဲ့မျက်ဝန်းများ‌နဲ့သူ့ရဲ့အောက်ကမျက်ရည်ခံမှဲ့လေး

ကြယ်ပုံစံနားကပ်ကိုနားတဖက်မှာပန်ဆင်ထားတဲ့သူက သွယ်လျတယ်ထင်ရပေမဲ့ တကယ်က လူကောင်ကြီးမားတယ် သူ့ဘာသာသူနေရင်တော့ သူ့ရဲ့ကြီးမားတဲ့ကျောပြင် လက်မောင်းကြွက်သားတွေနဲ့  သေးသွယ်တဲ့ခါးကိုမြင်ရမှာမဟုတ်ဘူး ဒါပေမဲ့ တခြားသူနဲ့ယှဉ်လိုက်တိုင်း ‌ထူးရှားဝာာသိသာနေတော့တယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now