38.zgi

1K 10 0
                                    

Moe yanant thin 080:
ငါလေးက‌ဗီလိန်အဖြစ်ကူး‌ပြောင်းသွားတယ်

အပိုင်း(38) ပြင်းပြင်းပြပြဆက်ဆံခြင်း🚨🚨🚨

သူမရဲ့မျက်ရည်တွေက သူမလည်ပင်းကိုညှစ်ထားတဲ့သူ့လက်တွေပေါ် တပေါက်ပေါက်နဲ့ပြုတ်ကျသွားခဲ့တယ်

အဲ့အချိန်မှ သူမ သိလိုက်တာ သူမနှလုံးသားကသူ့အပိုင်ဖြစ်သွားပြီဆိုတာကို

သူမထိတ်လန့်နေသင့်တယ် သူမအသက်ရှင်ဖို့အတွက်ရုန်းကန်နေသင့်တယ်

ဒါပေမဲ့ အခု သူမ သူလည်ပင်းညှစ်ထားတာကို မရုန်းကန်မိတဲ့အပြင် ရင်ထဲက တလှိုက်လှိုက်တက်လာတဲ့ဝမ်းနည်းခြင်းတွေက အဆက်မပြတ် မျက်ရည်အဖြစ်အသွင်ပြောင်းသွားကြလေတယ်

"အူးးဝါးးးးးအူးးးဝါးးးးး"

သူမ ဝမ်းနည်းပမ်းနည်းအော်ငိုမူ့ကြောင့် ဟော်ရုံကျွင်းမှာ လက်ကိုကပျာကယာဖြေလျှော့လိုက်ပြီး ပျာတာတာဖြစ်သွားလေတယ်

သူက လူပဲသတ်တတ်တာ ငိုနေတဲ့မိန်းကလေးကိုတော့ တကယ်မကိုင်တွယ်နိုင်ဘူး

"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ ဟမ် ဟင်? အရမ်းနာသွားတာလား ကိုယ်က ‌ခြောက်လိုက်တာပါ နော် နော် မငိုတော့နဲ့ မငိုနဲ့ မငိုနဲ့ တိတ်တိတ် ! "

အစကတော့ သူမ ငိုနေပေမဲ့ အူလှိုက်သည်းလှိုက်တော့မဟုတ်ဘူး ဒါပေမဲ့ သူလဲလာချော့ရော သူမ ကန်းကုန်အောင်ဝမ်းနည်းသွားတော့တယ်

လက်သီးဆုပ်တွေနဲ့လဲထုပြီး သူ့ကိုရိုက်ပုတ်နေခဲ့တယ်

ပွစိပွစိနဲ့လဲပြော‌လိုက်သေး အသံဗြဲကြီးနဲ့လဲငိုသေးတယ်

"အူးးဝါးးး သူပြောတော့ သူများကိုသူ့လက်နဲ့မသတ်ဘူးတဲ့ အဲ့လိုဆိုပြီးအခုတော့ သူများကိုလည်ပင်းလာညှစ်နေတယ် အကျင့်ပုတ်ကြီး အကျင့်ယုတ်ကြီး အူးဝါးး ကတိမတည်တဲ့လူကြီး "

"အင်း အင်း ဟုတ်တယ် ဟုတ်တယ်ကိုယ်က အကျင့်ယုတ်ကြီး ကိုယ်ကအကျင့်ပုတ်ကြီး နော် မငိုတော့နဲ့ မငိုတော့နဲ့ "

သူ့မှာ သူမရဲ့မျက်ရည်တွေကိုလိုက်သုတ်ပေးနေတာမနိုင်ဘူး

"မျက်လုံးတွေထဲမှာ ပင်လယ်ကြီးရှိနေတာလားကွာ ဗြဲဆိုတာနဲ့မျက်ရည်ကအရင်ထွက်လာတယ် "

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now